အပိုင်း ၆

Start from the beginning
                                    

"ရေပဲရှိလို့ အားနာရပါတယ်"

"ကိုယ်ကအားနာရမှာပါ ... ဒါက တောင်းပန်တဲ့ သဘောနဲ့ ညီလေးရော ဒီကလေးလေးရော ကြိုက်မယ့်မုန့်လေးတွေဝယ်လာခဲ့တာပါ"

"မကြိုက်ဘူး ထွက်သွား ကိုကို့ကို ဒဏ်ရာရအောင် ဦးလေးကလုပ်တာ"

"ရိပေါ်"

      အကိုဖြစ်သူရဲ့ လေသံကြောင့် ကောင်လေး မျက်ခမ်းစပ်နား ဝဲတက်လာတဲ့ မျက်ရည်ဥကလေးတွေဟာ မေလျန့်အတိုင်း ...။ ဒီကောင်လေးနဲ့ မေလျန့်ကြားပတ်သက်မှုရှိနေမှာ သေချာပါသည်။
ကောင်ငယ်လေးရဲ့ အကိုကလည်း အရင်က Barမှာသူလုပ်မိတဲ့အမှားကြောင့် ဆူခံလိုက်ရတဲ့ကောင်လေးဖြစ်နေခဲ့သည်။
သူစကားမှားပြောမိရင်းမှ ဒီညီအစ်ကိုနှစ်ယောက်ရဲ့ မေတ္တာတရားကို နားလည်ခဲ့ရ၏။ အကိုဖြစ်သူဟာ မေလျန်နဲ့ တူသည့် ကောင်လေးကို သိပ်ချစ်သည်။ တကယ်လို့ ကောင်ငယ်လေးက သူ့သားဖြစ်နေခဲ့ရင် ပြန်ပေးပါ့မလားကိုလည်း ကြိုတင် စိုးရိမ်နေမိလျက်...။

"ကိုယ်ပြန်ပါဦးမယ် နောက်တစ်ခါမှထပ်လာခဲ့ပါ့မယ်"

"ကျွန်တော့်ကို အားနာလို့ဆိုရင်တော့ ရပါတယ် ကျွန်တော် စိတ်ထဲမထားလို့ပါ"

"အာ မဟုတ်ပါဘူး ဒီအိမ်လေးဆီက အေးချမ်းမှုကို ခံစားရလို့ပါ ... နောက်ထပ်လာခဲ့မယ်နော်"

        ထိုနေ့ကစပြီး ထိုအိမ်လေးကို သူနေ့တိုင်းလာခဲ့သည်။ သူလာတဲ့နေ့တွေမှာ ညီအစ်ကိုနှစ်ယောက် ရန်ဖြစ်ထား၍ စကားမပြောတာလည်း ကြုံဖူး၏ ။ ရှောင်းကျန့်ဆိုတဲ့ကောင်လေးကတော့ ရိပေါ်လေးအတွက် အရာရာပေးဆပ်နေသလို ...။
တစ်ညသူအလုပ်တွေပြီးမှ ရှောင်းကျန့်တို့အိမ်ကိုလာနေတဲ့အချိန် မထင်မှတ်ထားတဲ့ အဖြစ်အပျက်ကြီး တစ်ခုဖြစ်ပျက်သွားခဲ့သည်။ သူနဲ့ဖုန်းပြောနေရင်း ရှောင်းကျန့်ဘက်က အသံတွေပြတ်တောက်သွားပေမယ့် ဖုန်းကမကျသေးဘဲ တစ်ခုခုဖြစ်နေတဲ့ အသံတွေ ကြားခဲ့ရ၏။ ရဲတွေကိုပါ သူဖုန်းဆက်ထားပြီး ရှောင်းကျန့်ကိုရှာဖွေရာမှ လဲနေတဲ့ ရှောင်းကျန့်စက်ဘီးလေးနဲ့ ရိပေါ်လွယ်အိတ်ကလေးကို လမ်းကြားတစ်ခုရှေ့ တွေ့ခဲ့သည်။

𝐓𝐡𝐞 𝐀𝐫𝐭𝐢𝐬𝐭 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now