အပိုင်း ၆

Start from the beginning
                                    

"အခုကျန်းအိမ်ဘက်ကလည်း ကလေးကို ပြန်ရှာနေတယ်ကြားတယ် ကျန်းသခင်ကြီးက သူ့မြေးကိုပဲ ဆက်ခံသူနေရာရောက်စေချင်နေတာ မွေးစားသားဖြစ်တဲ့ ကျန်းဟန်ကျွင်း ကို ဆက်ခံသူမပေးဘူးတဲ့"

      ယွီချန်ပြောတော့ သူ သက်ပြင်းတစ်ချက်ချလိုက်သည်။ သူ့သားကို သူ့ဘက်က အရင်ရှာတွေ့မှ ဖြစ်မည်။ မဟုတ်ရင် အပြစ်မရှိတဲ့ ကလေးကိုတောင်စွန့်ပစ်ခဲ့တဲ့ ကျန်းဟန်ကျွင်းက သူ့သားထပ်ရှာတွေ့ရင် တစ်ခုခု လုပ်လိုက်နိုင်၏။

"ကျစ် !"

"သူဌေးယန် အဆင်ပြေရဲ့လား"

"ရတယ် ... ငါ့ကို Martတစ်ခုမှာ ရပ်ပြီး ခုနအိမ်ပြန်မောင်းပေး"

     သူပြောရင်း ကိုက်လာသည့် ခေါင်းကိုသာ ဖိကိုင်ထားလိုက်သည်။ သူ့ရဲ့ ကျန်တဲ့ တစ်နှစ်အတွင်း သူ့သားလေးကို ရှာတွေ့ရင်တောင် သူမရှိတဲ့အခါ ဘယ်သူက စောင့်ရှောက်ပေးမှာတဲ့လဲ ...။
သူ့မှာ အားကိုးစရာ ယွီချန်သာ ရှိသည်။ မေမေနဲ့ မမကလည်း သူကျန်ခဲ့မယ့်အမွေတွေအတွက် သားကို ဒုက္ခမပေးဘူးလို့ မပြောနိုင်။ မေလျန်ကိုတောင် သူ့ဘေးက ထွက်သွားဖို့ ကြံစည်ခဲ့သေးတာပဲ ...။

"ကိုကို့ကိုသူလုပ်တာမလား မဝင်လာနဲ့ ထွက်သွား"

     ဝမ်ယန် ထိုအိမ်လေးဆီပြန်သွားတော့ မေလျန်နဲ့ တူသည့် ကောင်ငယ်လေးက သူ့ကို နှင်ထုတ်သည်။ မျက်ဝန်းလေးတွေတင်မဟုတ်ဘဲ နှာခေါင်းလုံးလုံးနဲ့ နှုတ်ခမ်းကပါ မေလျန်နဲ့ ချွတ်စွပ်။

"ရိပေါ်... လူကြီးကို အဲ့လိုမပြောရဘူးလေ ... ကိုကိုက ကိုကို့ဘာသာဖြစ်တာ"
 
       ကောင်လေးရဲ့ အကိုဖြစ်သူ ပြောလိုက်သည့် စကားကြောင့် သူ့ရင်ထဲ တင်းခနဲ ...။ ကောင်လေးနာမည်က ရိပေါ်တဲ့ ...။

"ကို .. မေလျန်တို့ ကလေးလေးရှိလာရင် ရိပေါ်လို့ပေးမယ်နော် ... ကို့ရဲ့ မျိုးရိုးက ဝမ်လို့ယူပြီး ဝမ်ရိပေါ်လို့ပေးမယ်"

      မေလျန်ရဲ့စကားတွေ ပြန်ကြားယောင်ရင်း သူခဏကြာမှင်သက်နေရာမှ သူ့ရှေ့ရောက်လာတဲ့ ရေခွက်တစ်ခွက်ကြောင့်သတိပြန်ဝင်လာ၏ ။ မေလျန်နဲ့ ကောင်လေးရဲ့အကိုတို့ ဘယ်လိုပတ်သက်လဲ သိချင်လာသည်။ နာမည်အထိ တူတာကတော့ တိုက်ဆိုင်မှု မဖြစ်နိုင်။

𝐓𝐡𝐞 𝐀𝐫𝐭𝐢𝐬𝐭 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now