The Thief (Part 8)

Start from the beginning
                                    

MEW သူ့အနားက ခွာသွားပေမယ့် Gulf နံရံမှာ
မတ်ရပ်အတောင့်သား ကျန်နေခဲ့တယ်  ..

" Gulf လာလေ  "

ခုထိ  စိတ်နဲ့ကိုယ်မကပ် ကျောက်ရုပ်‌ဖြစ်နေတဲ့ Gulf ကို MEW ကြည့်ပြီး ရယ်လိုက်တယ် ..

သူ့နှုတ်ခမ်းလေးကို ကိုင်ပြီး Gulf ဖြေးဖြေးချင်း လျှောက်လာလိုက်တယ် ..
ပြီးတာနဲ့ ဆိုဖာခုံမှာ ဝင်ထိုင်ပြီး MEW ကို
မျက်စောင်းထိုးကြည့်လိုက်တယ် ..

" ဘာလည်းကွ "

" ဒီမှာ ခင်ဗျားလုပ်တာ နှုတ်ခမ်းပေါက်သွားပြီ"

" ဟာ ! ဟုတ်လား "

MEW သူ့ စားပွဲကနေ အမြန်ထပြီး Gulf အနား
လာထိုင်လိုက်တယ် ..

" Gulf လက်ဖယ် "

သူ့နှုတ်ခမ်းကို ကိုင်ထားတဲ့ Gulf လကိကို
MEW ဖယ် ကြည့်လိုက်တယ် .  ..

သူပြောတာကို ယုံပြီး သူ့အနား လာထိုင်လိုက်တဲ့
MEW ကို Gulf စိတ်ထဲက ရယ်လိုက်တယ် . 

" ဘယ်မှာလည်း ကွ Gulf ဘယ်နားလဲ "

Gulf နှုတ်ခမ်း‌ကို MEW သေချာကြည့်ပေမယ့်
ဒဏ်ရာကို မတွေ့ရ  ..

ဘယ်မှာပါလိမ် !! ..

Gulf မျက်နှာကို ကြည့်လိုက်တော့ ပြုံစိစိနဲ့

" Gulf မင်း ကိုယ့်ကို နောက်တယ်ပေါ့လေ "

" ဟား ဟား ဟား "

Gulf ကိုယ်လုံးကို MEW ထပ် ဖက်ပြီး
နှစ်ယောက်သား ရယ်မောလိုက်ကြတယ်..


" ကိုလွင် ကိုလွင် .. "

ကိုလွင်ကို တွေ့တာနဲ့ Tar  လိုက်ခေါ်လိုက်တယ်

သူ့ကို ပြူးပြူးပြာပြာနဲ့ ခေါ်နေတဲ့ Tar ကို
ဘာလည်း ဆိုတဲ့ အကြည့်နဲ့ ကိုလွင် ကြည့်
လိုက်တယ် ..

" ကျတော်တို့ ဂိမ်းဆော့နေတာ
သူဌေး တွေ့သွားတယ်  အဲဒါ  Gulf ကို ဆူနေလားမသိဘူး အခန်းထဲ ခေါ်သွားတာတွေ့တယ် "

မျက်နှာတည်တည်နဲ့ Gulf နဲ့ သူဌေးတို့ 
ရုံးခန်းထဲ ဝင်သွားတာ  Tar တွေ့လိုက်ရတာ့
စိုးရိမ်သွားတယ် ..
အတူတူ ဆော့ပြီး Gulf တစ်ယောက်ထဲများ
အဆူခံနေရလား မသိ .  
ကိုလွင်ကို တွေ့တာနဲ့ Tar စစ်ကူခေါ်လိုက်မိတယ်

The ThiefWhere stories live. Discover now