"ငါ့ဘဝကြီးက ချီးတဲ့မှ ခယောင်းလမ်းကြီးဖြစ်နေရလား.."

"နည်းတောင် နည်းသေးတယ်"

"ဘာ..ချီးထုပ် ချီးထုပ် ပရိုမက်စ် ခဗျား ဘယ်ကနေပေါ်လာပြန်တာလဲ"

"ငါ စောင့်မကြည့်နိုင်တာကို အခွင့်ကောင်းယူပြီး နင်ကလုပ်ချင်ရာတွေလျှောက်လုပ်နေတော့တာပဲ"

ချီးထုပ်pro max က သူ့ဇာတ်လမ်းကြီး ကမောက်ကမ ဖြစ်ကုန်တာကို ဒေါသထွက်နေပုံရတယ်။ဒါပေမဲ့လည်း ဒါက အဲ့ဒီလောက်ထိ serious ဖြစ်စရာမလိုဘူးလို့ ထင်တာပဲ။

"စိတ်လျော့စမ်းပါ "

"ဝမ်ရီပေါ် ...နည်းနည်းလောက် ငါ့အပေါ် respect ထားပေးလို့မရဘူးလား။နင် အခုလုပ်နေတာတွေကို ငါ့ကို နည်းနည်းလောက် ရှင်းပြပါဦး"

"ကျနော်က ရှောင်ကျန့်နဲ့ရင်းရင်းနှီးနှီး ဖြစ်သင့်တယ်ထင်ခဲ့လို့ ဒီ 'ကျိူကျင်း' ခရီးစဥ်ကို အသုံးချမိလိုက်တာပါ"

ဝမ်ရီပေါ်က စိတ်မကောင်းတဲ့လေသံလေးနဲ့ပြောတော့ တစ်ဖက်က အသံတိတ်သွားတယ်။

"အင်း....ထားလိုက်ပါတော့....ငါရောက်လာတာကလည်း.နင့်ကို ပြောပြစရာရှိလို့..ဒါပေမဲ့ ငါ့ကိုအပြစ်တင်နေရင်ဘာမှမထူးဘူးနော်"

"အပြစ်တင်ရလောက်အောင် ဆိုတော့ မကောင်းသတင်းဆိုတာတော့ သေချာနေပြီမလား"

"အင်း...."

"ဇာတ်လိုက်ရဲ့ မာတာမိခင်ကြီး က ဇာတ်လိုက်မကို အိမ်ရှေ့စံမိဖုရားအဖြစ်ရာထားဖို့ကြံနေကြပြီ"

"ဘာ!!!!"

ထိုင်နေရာကနေထ ထိုင်လိုက်မိတဲ့အထိကို အံအားသင့်သွားခဲ့တယ်။သူ့အော်သံကြောင့် အလုပ်ရှုပ်နေတဲ့လူအချို့ကတောင် ထူးဆန်းသလို လှမ်းကြည့်နေကြပါသေးတယ်။ဒါပေမဲ့ အခုချိန် အဲတာတွေကို သူ့စိတ်ထဲမှာ အာရုံမရနိုင်သေးဘူး။သူက ဇာတ်လိုက်မကို ရှောင်ကျန့်နဲ့ မရင်းနှီးစေချင်လို့တောင် အလယ်ဆောင်မှာ နန်းတွင်းသူ အဖြစ် ထားခဲ့တာပဲကို။
ဒီခရီးစဥ်မှာ ဇာတ်လိုက်မ က ပါခွင့်မရခဲ့တာတောင် ဘာလို့ ကံတရားကြီးက ပိုးစိုးပက်စက် မျက်နှာလိုက်ရတာလဲ။

The Protagonist is My Ex [Completed]Où les histoires vivent. Découvrez maintenant