မာန်ဝေကသူ့ဖုန်းကိုထုတ်ကာ ညကတင်ထားတဲ့ videoကိုဖွင့်ပြလာသည်။

မာန်ဝေတစ်ယောက် ညကတင်ထားတဲ့videoကို လိုလိုမယ်မယ်ဒေါင်းထားခြင်းဖြစ်သည်။ ဘာကြောင့်ဒေါင်းထားတာလဲလို့ သူငယ်ချင်းတွေကမေးလျှင် သူ့မှာအဖြေရှိသည်။ ထိုအရာက လူသတ်သမားကိုလေ့လာရန်ဖြစ်သည်။ ရဲတွေက လူသတ်သမားဟာတစ်ယောက်ထဲလို့ ပြောတာမို့ သူမယုံကြည်ပါ။ ရဲတွေပြောသလို တစ်ယောက်ထဲဟုတ်မဟုတ်ဆိုတာက သူတို့အားလုံးသက်သေထူရမည်မဟုတ်လား။

" ဘာကြောင့်ဒါကို ကူးထားရတာလဲမာန်ဝေ။"

အထာအလိုမကျတဲ့မျက်ဝန်းတွေနဲ့ကြည့်ကာ မာန်ဝေကိုမေးလိုက်သည်။ ဖန်နဲ့နေလင်းအောင်ကတော့ ဘာမှဝင်ပြောချင်းမရှိ။ သူတို့နှစ်ယောက်ကိုသာ ဟိုကြည့်လိုက်ဒီကြည့်လိုက်နဲ့ရှိနေသည်။

" ငါတို့လူသတ်သမားကိုလေ့လာရမယ်လေအထာ။"

" ရဲတွေတောင်မလုပ်နိုင်တဲ့အရာကို မင်းကလုပ်နိုင်မယ်ထင်လို့လားမာန်ဝေ။"

အထာဒေါသထွက်ကာ အသံတို့ကလဲမာလွန်းနေသည်။

" ဒါပေမယ့် ရဲတွေမတွေ့နိုင်တဲ့အရာကို ငါတို့ကတွေ့နိုင်မလားဆိုတဲ့ စိတ်နဲ့ပဲ။ ပြီးတော့မင်းက ဘာလို့အဲ့ဒီလောက်အထိ ဒေါသတွေထွက်နေရတာလဲ။"

" ဟို အင်း.."

မာန်ဝေ့မေးခွန်းကို အထာဖြေရန်ခက်နေသလို စိတ်အိုက်လို့နေသည်။

" ကိုယ့်သူငယ်ချင်းရဲ့ အတိတ်ကိုပြန်ဖော်နေသလိုဖြစ်မနေဘူးလား။ ပြီးတော့ ဒီထဲမှာပါတဲ့အကြောင်းအရာတွေက ငါ့တို့ကြည့်ရမှာခက်ခဲနေတယ်လို့ ငါတွေးမိလို့။ ငါ ငါမကြည့်ချင်ဘူးမာန်ဝေ။ လင်းကိုကိုနာကျင်စွာ အော်ဟစ်အကူအညီတောင်းနေတဲ့ နာကျင်တဲ့အသံတွေကို ကြားနားမထောင်ဝံ့ဘူး။"

" မင်းသိလားအထာ။ လင်းကိုကိုက နောက်ဆုံးအချိန်ထိ မင်းတွေးနေသလို နာကျင်စွာအော်ဟစ်အကူအညီတောင်းနေခဲ့မယ်လို့ မင်းဘာကြောင့်အတက်ပြောနိုင်ရတာလဲ။ မင်းမသိသေးတဲ့ အကြောင်းအရာတွေ အချို့ရှိသေးတယ်။"

မာန်ဝေ့စကားကြောင့် အထာအနည်းငယ်စဥ်းစားရပြန်သည်။ မာန်ဝေပြောတဲ့စကားတွေဟာလဲ ထူးဆန်းလို့နေတာကြောင့်ဖြစ်သည်။
မိုးမြင့်ဟိန်းတုန်းက နာကျင်စွာကျလာတဲ့မျက်ရည်တွေ အကြားကနေသူ့ကိုမသတ်ရန်တောင်းဆိုဖူးတာကို သူတွေ့မြင်လိုက်ရတာကြောင့် အခုလဲလင်းကိုကိုက မိုးမြင့်ဟိန်းတုန်းကလို အကူအညီတောင်းတဲ့အသံ၊ သူကိုရက်စက်စွာ ပြုကျင့်နေတဲ့လူသတ်သမားလှုပ်ရှားမှု့တွေကြောင့် သူနာကျင်စွာအော်ဟစ်နေမှာကို တွေးကြည့်မိတာကြောင့်ဖြစ်သည်။

Abstarct Of Love (Z&U)Where stories live. Discover now