Part 2

597 28 0
                                    

ဆိုင်ဝန်ထမ်းလေး ထွက်သွားပြီး နောက်မှာတော့

ကျောပေးထားတဲ့ အမျိုးသမီးလေးက လှည့်လာပြီး

"သိပ်မချိုတဲ့ မုန့်ကလည်း အမျိုးအစား အရသာတွေ

အများကြီး ရှိတယ် ဘယ်အရသာအမျိုးစားယူချင်လဲ" လို့

မေးလိုက်တော့ အသံကြားကြားချင်း ခြူးလည်း မျက်နှာကို

တစ်ချက်လောက် မော့ကြည့်လိုက်တယ် သူမအသံကို

စစကြားချင်းမှာပဲ ထူးခြားမှု တစ်ခုကို ခံစားလိုက်ရသလို

ခဏလောက် ငြိမ်သက်ပြီးမှ

" "ခြူး" ဒီလိုမုန့်တွေ သိပ်စားလေ့မရှိလို့ အချိုလည်း

မကြိုက်တော့ မချိုတာဘာဖြစ်ဖြစ်ပေးပါ ရပါတယ်"

သူမလည်းဘာမှဆက်မမေးတော့ပဲ ခပ်ဆိမ့်ဆိမ့်အရသာ

ကိတ်မုန့်ကို ရွေးပေးလိုက်တယ် ပြီးတော့ ခြူးမျက်နှာကို

ခဏလောက် စိုက်ကြည့်ပြီးမှ

"သောက်စရာကရော ဘာယူဦးမလဲ"

သူမ စကားတစ်ခွန်း ကြားလိုက်တိုင်း "ခြူး" စိတ်ထဲ

ထူးခြားမှုကို ခံစားမိနေသည် ဘယ်လိုထူးခြားမှုလဲ

ဘာကြောင့်ခံစားနေရလဲ ဆိုတာတော့

ခြူး ကိုယ်တိုင်လည်းမသိ

ခပ်အေးအေး ပုံစံဖြင့် "အဆင်ပြေတာပဲပေးပါ" လို့ ပြောပြီး

စားပွဲဝိုင်းဘက်သို့ ထွက်သွားသည်

စိုက်ကြည့်ခံရတာကို ရှက်ပြီး ဖြူဝင်းနေသည့်မျက်နှာ

တစ်ခုလုံးလည်း ကြက်သွေးရောင်သဖွယ်သမ်းသွားသည်။

အမျိုးသမီးလေးကတော့ ရှက်နေတာကို သိသည့်အတွက်

ပြုံး၍သာ

cash ကိုတော့ ဦးမောင်က ရှင်းလိုက်ပြီးနောက်

ခြူးထိုင်သော စားပွဲသို့ ဝင်ထိုင်လိုက်သည်

ခြူး လည်း မဝံ့တရဲနဲ့ ခုနက အမျိုးသမီးလေးကို

လှမ်းလှမ်းကြည့်နေမိတယ် မှာထားသော မုန့်ကိုပင်မစားနိုင်

အတန်ကြာမှ ဦးမောင်က

"သမီး စားရအဆင်မပြေလို့လား"

" ဟင့်အင်း ခံတွင်း တွေ့ပါတယ် "

ခံတွင်းတွေ့ပါတယ် လို့သာ ပြောပေမယ့် မုန့်မှာ

အရာမရွင်းပေ။

"ပြန်မယ် ဦးမောင်"

ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်ရဲ့ ညွှန်ကြားမှုကြောင့်

ဝန်ထမ်းကောင်လေး အပြေးရောက်လာပြီး

"တစ်ခုခု အဆင်မပြေလို့လား ခင်မျာ"

"ပြေပါတယ်"

" ဒါဆို ဒီမုန့်ကို ထုပ်ပေးလိုက်ရမလားခင်မျာ "

" ရပါတယ် မယူတော့ဘူး"

" ဦးမောင်မှ ကြားက ဝင်ပြီး ဒါဆို ဦးလေး ယူလိုက်မယ်

ထုပ်ပေးလိုက် လူလေး"

" ဟုတ်ကဲ့ခင်မျာ ခဏစောင့်ပါခမျာ"

မုန့်ဆိုင်မှ ထွက်ပြီး အိမ်သို့ တန်းပြန်ခဲ့သည်။

ခြူး ရဲ့ တစ်နေ့တာသည် အလွန်အထီးကျန်ပေသည်။

ကျောင်းမှ အိမ်ပြန်ရောက်လျှင် စာလုပ် ရေချိုး ထမင်းစား

ဤသို့နှင့် ငြီးငွေ့ဖွယ် ကုန်ဆုံးခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီ

ညအိပ်ချိန် ရောက်လျှင် ငယ်ဘဝကို တွေး ဆုံးသွားသော

အမေကိုလွမ်း သမီးထွေးတစိယောက်ကို ပစ်ရက်သော

အဖေကို နာကျည်းစိတ်တွေ ညစဉ် မျက်ရည်များစွာနဲ့

အိပ်ပျော် ခဲ့ရသော ခြူး ဒီညတော့ ထူးထူးခြားခြား တစ်ခြား

တစ်ယောက်ကို တွေးမိနေသည်။ ခဏတာတွေ့ဆုံမှုလေးကို

အမှတ်မထင်ပဲ စိတ်ထဲစွဲနေမိဟန် ဆိုင်မှာတွေ့ခဲ့ရတဲ့

အမျိုးသမီးလေးကို ဝန်ထမ်းလား ဆိုင်ရှင်လား

သူမနာမည်ကရောဘာလဲ အမျိုးမျိုးကို သိချင်စိတ်

ပြင်းထန်နေသည်။ သူမအသံကိုပဲ နားထဲစွဲပြီး တစ်ညတာ

ကုန်ဆုံးခဲ့သည်။ ဝမ်းနည်းမှု တွေ အထီးကျန်မှု

တွေနဲ့ပဲ အမြဲကုန်ဆုံးခဲ့တဲ့ညတွေမှာ ဘယ်သူမှန်း

မသိသေးတဲ့အမျိုးသမီးလေး တစ်ယောက်ကြောင့်

ခြူးတစ်ယောက် တစ်ညတာတော့ မျက်ရည်တွေ

ကင်းစင်ခွင့်ရခဲ့သည်။💜

Part 3

Coming Soon

                                         #Kira

My Love , Cake Shop OwnerWhere stories live. Discover now