အပိုင်း ၅

Start from the beginning
                                    

"ရိထန်ဆီကဖုန်းရတယ် ရိပေါ်လေးအဆင်ပြေတယ်တဲ့ ဆေးလည်းပုံမှန်သောက်တယ်ပြောတယ်"

"တော်သေးတာပေါ့ အကိုရယ်... ဟိုနေ့က နေမကောင်းဘူးဆိုလို့စိတ်ပူနေတာ"

     တကယ်က ရိထန်ပြော၍ သူသိခြင်းမဟုတ်ဘဲ ရိပေါ်ကျောင်းဆင်းချိန်တိုင်း ကားနဲ့ သွား၍ ခိုးကြည့်နေခြင်းကြောင့် သိခဲ့ရခြင်းပင် ...။
ရိပေါ်လေးမျက်နှာကို ကြည့်လိုက်တာနဲ့ ဒီကလေးဘာဖြစ်နေတယ်ဆိုတာ သူတန်းသိ၏။ ရိထန်းကို ဆက်သွယ်ကြည့်တော့ ဖျားနေတယ်ပြော၍ ကလေးကို ဂရုမစိုက်သည့် ကျိုးချန်အား သူစိတ်တို ရပါသေးသည်။

"ရုံးသွားရုံးပြန် ကားမောင်းရတာရောအဆင်ပြေလား"

"ပြေတယ်အကို"

"ရုံးမှာရော ရှောင်းကျန့်ကို ဘာတွေပြောကြသေးလဲ ... ဒါပေမယ့် ဘာတွေပြောပြော ဂရုမစိုက်နဲ့ ... ယွီချန်ကလည်းအများကြီးကူညီတယ်မလား"

   အကိုယန်က ကျန်းမာရေးအကြောင်းပြချက်ဖြင့် အလုပ်ကိုမသွားတော့ ...။ အကို့ရဲ့ လက်ထောက်ဖြစ်တဲ့ ချောင်ယွီချန်နဲ့ သူ့ကိုသာ ကုမ္ပဏီသို့ သွားခိုင်းပြီး အကိုယန်ကတော့ အိမ်ကနေသာ ညွှန်ကြား၏။
သုံးလအတွင်း ကားမောင်းတာကအစ အကိုယန်ကိုယ်တိုင် ကြီးကြပ်ကာ ဆရာကောင်းတွေနဲ့ သင်ကြားပေးတာကြောင့် အခုဆို Driverမလိုဘဲ ရှောင်းကျန့်ကိုယ်တိုင်မောင်းနေနိုင်ပြီ။

"ကျွန်တော်အလုပ်သွားတော့မယ်အကို ... ဆေးလည်း ပုံမှန်သောက်ပါဦး"

"ဟုတ်ပြီ ဟုတ်ပြီ ... ဂရုစိုက်သွားနော်"

       သူ အကို့ကို နှုတ်ဆက်ပြီးသာ အိမ်ထဲက ထွက်လာလိုက်သည်။ ရိပေါ်စာမေးပွဲအောင်တယ်ကြားတာကို သူဝမ်းသာရသော်လည်း အခုထိဘာလက်ဆောင်မှမပေးရသေးသဖြင့်ကားနောက်ခန်းက သူဝယ်ထားတဲ့ ဂိမ်းစက်လေးကိုသာ ဒီနေ့ ရိပေါ်တို့ ခြံရှေ့မှာ သွားထားဖို့ လုပ်ထားခဲ့၏။

"အကိုယွီချန် ဒီနေ့ကျွန်တော်နည်းနည်းနောက်ကျမယ်နော်"

      အကိုယွီချန်ကို ဖုန်းဆက်ကာ အကြောင်းကြားပြီးပြီးချင်း နောက်ကလူပါလာမလား အခြေအနေကြည့်ရသေးသည်။ တစ်ယောက်ယောက်ပါလာရင် ရိပေါ်အတွက် အန္တရာယ်ရှိ၏။
သူ ရိပေါ်တို့ အိမ်နားအရောက် Taxi တစ်စီးကို တားနေတဲ့ ရိပေါ်ကိုတွေ့လိုက်ရတာကြောင့် သူ ရိထန်ကိုဖုန်းဆက်မလို့ပြင်ပေမယ့် မဆက်ဖြစ် ...။
ရိပေါ်တက်သွားသည့် Taxiလေးနောက်ကိုသာ လိုက်ဖို့ ကားကို ဦးတည်လိုက်သည်။

𝐓𝐡𝐞 𝐀𝐫𝐭𝐢𝐬𝐭 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now