"မင်းနဲ့ အစ်မက ဘာတွေလဲ?"
"အဲ့တာက အစ်မဆူးက မမရဲ့ သူငယ်ချင်းလေ
အဲ့တော့ ညီအစ်မလိုပဲပေါ့ "
မတုံ့မဆိုင်းဖြေခဲ့တာပဲ သိပ်ကိုပြတ်သားလွန်းပါတယ် ။
" အင်း ဟုတ်ပီ အစ်မနားလည်ပါပီ ။ ဟက် ညီအစ်မတဲ့ ။ ဒီရက်ပိုင်းတွေ ဂျိန်းနဲ့အတူရှိတဲ့နေ့ရက်တိုင်းမှာ အစ်မ မင်းနဲ့နီးစပ်လာပီ တစ်ဖြည်းဖြည်းခံစားချက်တွေ နစ်၀င်လာပီထင်ခဲ့တာ အစ်မ မှားသွားတာပဲ
ဟုတ်ပါပီ ။ ညီအစ်မနော် ။ ကဲ ညီမလေးဂျင်းနီအခုလွတ်လပ်စွာသွားနိုင်ပီ ။ သွား ။ ဟိုကောင်လေးနဲ့သွားတွေ့တော့လေ "
" အစ်မ အစ်မ ဟာ ရူပ်လိုက်တာ "
ပြောချင်ရာပြောပီးထွက်သွားဆဲ့ အစ်မဆူးကို ဂျင်းနီနားမလည်နိုင်ပါ ။
အစ်မဆူးဟာ စိတ်ဆိုးချိန်ဆို ဂျင်းနီပဲခေါ်တတ်သေးသည် ။ အစ်မဟာ ဂျိန်းအတွက်တော့ ခန့်မှန်းရလွယ်တဲ့ အမျိုးသမီးပါ ။ အစ်မဆူး စိတ်ဆိုးသွားတာသေချာပါတယ် ။ နောက်နေ့မှ ချော့လိုက်ရင် အစ်မဆူးဟာ ဂျိန်းကိုသေချာပေါက်ခွှင့်လွှတ်ပေးမည် ။
ဂျိန်းကို အစ်မဆူးဟာ ဘယ်လောက်ချစ်လိုက်သလဲ ။
...
" ငါ ဂျင်းနီ ဆီသွားမလို့ နင်လိုက်အုံးမှာလား "
" ဟင်အင်း ။ နင်တစ်ယောက်ထဲဒိုး "
" ဟင် ။ ခါတိုင်းလိုက်နေကြကို ။ ဘာဖစ်တာလဲ အခုမှ "
" ပျင်းလို့ "
"နင်အဆင်ပြေရဲ့လား "
(တကယ့်ကို ဖုံးဖိလို့မရတဲ့ သူငယ်ချင်းမပဲ )
" အင်း ။ လုံး၀ပဲ "
" နင်တို့တစ်ခုခုဖစ်ထားတာလား "
" ဘယ်သူနဲ့လဲ "
" ဟာ ဒီအရူးကတော့ ဘယ်သူရှိရမှာလဲ ငါ့ညီမ၀မ်းကွဲ ဟိုတစ်ယောက်လေ အခုသွားမယ့် ဂျင်းနီဆီလေ "
" အော် ။ ပြေတာပေါ့ ။ အေးဆေးပဲလေ "
" မဟုတ်သေးဘူးနော် ။ ခါတိုင်းဆိုသွားချင်လွန်းလို့တက်ကြွေနတဲ့နင်က ။ ဘာလဲနင်တို့ပြတ်သွားတာလား "
YOU ARE READING
Difference J
Fanfictionအရာအားလုံးနီးပါးထပ်တူမကျခဲ့သလို နှလုံးသားေတွကလဲ ဝေးကွာနေမှန်းမသိဝေးကွာနေခဲ့တယ် ။ ဟုတ်တယ် အစ်မတို့က မတူညီကြဘူး ။ မတူညီကြတဲ့ ဂျေ တွေအဖြစ်ပေါ့ ။
