အချစ်များစွာဖြင့်(အပိုင်း၅)

Start from the beginning
                                    

ဒါဆို အမေသွားနွေးပေးမယ်နော် ....

ဟုတ် အမေကျနော် ရေအရင်ချိုးလိုက်ဉီးမယ်...

အင်း အမေ အောက်မှာ စောင့်နေမယ်နော်..

ဟုတ်..

ရောင်ခြည်အခန်းထဲဝင်လ်ုက်တော့သန့်ရှင်းသန့်ပြန့်ကာမွေးကြိုင်နေသည်။

သေချာသည် ဒါသည်သူ့မေကြီးသန့်ရှင်းရေးလုပ်ပေးထားခြင်းမှန်းသူသိသည် ဒါပေမဲ့ တနေရာကျန်နေသေးသည် ။
ရောင်ခြည် စာအုပ်စင်ကို ရွေ့လိုက်တော့ အခန်းငယ်လေးပေါ်လာသည် ။သည်အခန်းငယ်လေးသည် သူ့ရဲ့ ကမ္ဘာလေးဖြစ်ခဲ့ဖူးသည် .... သူ့ရဲ့ အမုန်းတွေကြီးထွားလာရာအစလည်းဖြစ်သည်။

ရောင်ခြည်ခုံပေါ်ရှိ ဓာတ်ပုံလေးကို ယူကြည့်လိုက်တော့
ဓာတ်ပုံထဲရှိကောင်လေးနှင့်ကောင်မလေးတို့သည် အပူအပင်မရှိ အလှဆုံးအပြုံးတွေဝေဆာလျက်။
သို့သော် ရောင်ခြည် လက်သီးဆုပ်လိုက်မိသည်နှင့် ပြောထွက်သွားသည်က ရင်ထဲက စကား

'ကျနော့်နှောင်းကို ပြန်ယူပြမယ် ဉီးမင်း.. ရောင် ... နီ....'

~~~~~~~~~~~~~

တဖက်တွင်လည်း ရောင်နီတယောက် ချောင်းသာတွင် ခေါင်းသွားဆေးပြီးပြန်အလာ ခေါင်းမီးတောက်ပြန်ရသည်။ ဘာလို့ဆို အရုဏ်ဦး စားသောက်ကုန်ဖြန့်ချီရေးကုမ္မဏီသည် နိင်ငံခြားကိုပို့မယ့် လက်ဖက်ခြောက်တွေကို မှား၍ လက်ဖက်နှစ်တွေကို ပို့ပေးလိုက်ခြင်းဖြစ်သည်။ဒီလောက်တောင်မှားစရာရှားလို့ ။

' တောက်စ်' မန်နေဂျာနဲ့ ကြီးကြပ်သူတွေအပါအ၀င်
လက်အောက်ငယ်သားများပါ အကုန် အဆူခံကြရသည်။
သူဌေးသည် ဆုပေးဒဏ်ပေး စနစ်ကိုကျင့်သူံးကာ စည်းကမ်းကြီးသည်ကို သိသော်လည်း ဒီလောက် ဒေါသထွက်တာ တခါးမှ မမြင်ဖူးသောကြောင့် ပိုကြောက်ရသည်။ အခုတောင် အဆူခံရသည်မှာ ၂နာရီလောက်ရှိပြီ သို့သော် မည်သူမှ အမှားဝန်မခံ။
ကျနော်သေချာစစ်ပြီးတင်လိုက်တာဟုသာ အဖြေထွက်လာသည်။ဒါကို ရောင်နီပိုဒေါသဖြစ်တာ
အမှန်အတိုင်းပြောလိုက်ရင် ရောင်နီ သူ့တို့ကို ဒီလောက်ထိ ဆူစရာအကြောင်းမရှိ။

အချစ်များစွာဖြင့် Where stories live. Discover now