"ရောက်ခါနီးပါပြီ! "
"နောက်ထပ်အမွှေးတိုင်တစ်တိုင်စာအကွာအဝေးကျရင် ငါ့ကိုထားခဲ့လို့ရပြီ..မင်းတို့ဘာသာအိမ်ပြန်ကြပါတော့ "
သူ့စကားကြားပြီးနောက် မိန်းမငယ်လေးမျက်နှာမှာ အံ့ဩမှုတွေတစ်စွန်းတစ်စဖြတ်ပြေးသွားပြီး သူမကငြင်းဆိုဖို့ကြိုးစားနေသည်။
"မဖြစ်ပါဘူး...သခင်ကြီးပြောလိုက်တာက မရဏတိုင်းပြည်နန်းတော်ဝကိုရောက်တဲ့အထိ...."
"မင်းတို့အသက်ရှင်ချင်လား.."
မိန်းမငယ်လေးမှာ ထိုစကားကိုပြတ်သားစွာကြားရသည့်တိုင် ဝေါယာဉ်အနီးအနားကရှိတဲ့လူတိုင်းသေချာကြားလိုက်ရပါသည်။ ထိုအခါမိန်းမငယ်လေးက မြေပြင်ပေါ်ဒူးထောက်က သူ့ကိုဦးခိုက်လာသည်။
"မဝံ့မရဲပေမယ့် လျှောက်တင်ပါရစေ ကျွန်တော်မျိုးမတို့အသက်ရှင်ချင်ပါတယ် .."
ထိုစကားကိုကြားပြီးနောက် ဇာပဝါအနီရောက်က အေးချမ်းလှတဲ့မျက်နှာပိုင်ရှင်လေးက မျက်လုံးမှိတ်ကာ သက်ပြင်းတစ်ချက်ချလိုက်တယ်။
"ဒါဆိုရင် မင်းတို့ ငါပြောသလိုပဲ ပြန်လိုက်ကြပါ..ဘာပဲဖြစ်ဖြစ် ဒီလမ်းက်ုမင်းတို့ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ငါ့အတွက်ကျတော့ပြန်လမ်းမရှိတာမို့ပဲ.."
သူ့ရဲ့ ရင်နင့်စရာစကားသံကိုကြားလိုက်ရပြီးနောက်မိန်းမငယ်လေးအပါအဝင်အားလုံး စိတ်မကောင်းဖြစ်ဟန်ပေါ်သွားလေသည်။
ထို့နောက်အစီအစဉ်အတိုင်း မင်္ဂလာဝေါယာဉ်ကြီးမှာ အမွှေးတိုင်တစ်တိုင်စာကုန်ချိန်မှာ တဖန်ရပ်တန့်လို့သွားပြန်သည်။ထို့နောက် စောနကမိန်းမငယ်လေးမှာ အနီရောင်ဝေါယာဉ်လိုက်ကာစတွေကို ဖယ်လိုက်ကာ အတွင်းမှ သတို့သမီးအား ခေါ်ယူလေသည်။ ထို့နောက် အလွန်ရှည်လျားပြီးလှပလှသော အနီရောင်သတို့သမီးဝတ်စုံပိုင်ရှင်လေးမှာ အပြင်သို့ထွက်လာခဲ့လေသည်။
အကုန်လုံးနီးပါးက သူ့ကိုဒူးထောက်ဂါဝရပြုလိုက်ကာ ပြောစရာများရှိနေပုံပေါ်လေသည်။ သို့သော်လည်း မပြောဆိုရဲလို့လား၊မပြောဆိုရက်လို့လားတော့ မသိပါပေ မည်သူမှအသံထွက်မလာခဲ့။
YOU ARE READING
Red Spider Lily's Lord
Fanfictionမရဏပန်းတို့အရှင်သခင်နှင့် သူ၏ကြင်ယာတော်~❤️ Warningပါတာမို့ clear shippersလေးတွေဆိုရင်ကျော်သွားပါနော်
❄︎ Chapter 1❄︎
Start from the beginning