❄︎ Chapter 1❄︎

ابدأ من البداية
                                    

တကယ်တမ်းတော့ ထိုဝေါယာဉ်တစ်လျှောက်မှ လူတိုင်းနီးပါးက အလွန်အမင်းကြောက်ရွံ့နေပုံပေါ်လွင်နေသည်။ ဝေါယာဉ်ထမ်းသမား ယောင်္ကျားအရင့်အမာ‌ကြီးတွေတောင်မှ လက်ကသိပ်၍ခိုင်မြဲချင်ပုံမရ။

မှောင်မည်းပိန်းနက်နေသော အနက်ရောင်ကောင်းကင်ယံကြီးမှာ ကြယ်‌‌ကလေးတွေရဲ့ စွန့်ပစ်ခြင်းခံလိုက်ရသည့်အလား အထီးကျန်ဆန်လွန်းလှပါသည်။ ထိုခြောက်ခြားဖွယ်ကောင်းလှသော လမ်းမကြီးရဲ့နံဘေးမှာတော့ မိန်းမလှလေးတွေ ခေါင်းမှာပန်ဆင်ထားသည့် အနီရောင်ပင့်ကူနှင်းပန်းတွေက တောတိုးမနိုင်အောင် ပေါက်ရောက်နေကြသည်။ ထိုပန်းလေးတွေမှာ လေယူရာတစ်ချက် ယိမ်းနွဲ့သွားတိုင်း ထိုအနီးအနားမှ လူများ၏ရင်ထဲ စိုးရိမ်ထိတ်လန့်မှုတွေ ပိုလာရလေသည်။

လွန်စွာအလိုက်သိတတ်ခြင်းမရှိလှပါသော ညနက်ရဲ့ကျီးနက်များက တစ်ချက်တစ်ချက်ထထအော်မြည်လိုက်တိုင်း တုန်လှုပ်သွားတဲ့ နှလုံးသားတစ်စုံက အလွန်ပင်ကြောက်လန့်နေရှာပုံပါပဲ။

သို့သော်လည်း မင်္ဂလာဝေါယာဉ်ကြီးပေါ်မှာ ထိုင်နေပါသောသတို့သမီးငယ်လေးကတော့ ဇာပဝါအနီရောင်လေးအောက်က မျက်နှာလေးမှာ တုန်လှုပ်ကြောက်လန့်ခြင်းကင်းစင်နေလေသည်။ ထို့နောက်လက်ကိုဖြန့်ကာ တွန့်ကြေနေရှာပါသော စာရွက်အပိုင်းအစလေးကို စိုက်ကြည့်နေလေသည်။ သူ့ပုံစံမှာ ကြောက်ရွံ့မှုကင်းနေပြီး ကိုယ့်ကိုကိုယ်သေလူတစ်ယောက်လို့ သတ်မှတ်ထားပုံပင်။

အားလုံးရဲ့မျက်နှာအမူရာနဲ့ သတို့သမီးလေးရဲ့ပျော်ရွှင်ခြင်းမရှိသော မျက်နှာအမူအရာများကြောင့် သူတို့သယ်ဆောင်လာသည်ကား မင်္ဂလာဝေါယာဉ်လား၊အမင်္ဂလာဝေါယာဉ်လား မသဲကွဲနိုင်ရှာပါပေ။

ထို့နောက် ငြင်သာလှသော လေပြည်လေညှင်းလေးတိုက်ခတ်သွားသည်ကို အခွင့်အရေးယူကာ သတို့သမီးလေးမှာ ထိုစာရွက်အားစုတ်ဖြဲလိုက်ကာ လေနှင့်အတူလွင့်စင်သွားစေလိုက်သည်။ ထို့နောက် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို သူရဲ့ကြည်လင်လှသောအသံက ပျက်စီးစေခဲ့သည်။

"ဘယ်တော့ရောက်မှာလဲ "

အစောပိုင်းတုန်းကတုန်လှုပ်နေသော လူအများမှာ သူ့ရဲ့အသံကိုကြားပြီးနောက်အားလုံးစိတ်ထဲတစ်ခုခုအေးချမ်းသွားသလိုပင်။ထို့နောက် ဝေါယာဉ်ဟာရပ်တန့်သွားပြီး မီးအိမ်ကိုင်ထားတဲ့ မိန်းမငယ်လေးတစ်ယောက်ကသူ့ဆီကိုလှမ်းလာကာ ဝေါယာဉ်အတွင်းမှ သတို့သမီးလေးအား ရိုရိုကျိုးကျိုးပြောလာခဲ့သည်။

Red Spider Lily's Lord حيث تعيش القصص. اكتشف الآن