အချစ်များစွာဖြင့် (အပိုင်း ၁)

Depuis le début
                                    

ထမင်းစားနေတုန်းကားသံကြားတော့မေမေကမောင်ရောင်နီပြန်လာပြီထင်တယ် သွားကြိုလိုက်လေ ဟူသော ရာဇသံဖြင့်ထမင်းစားခန်းမှထွက်ကြည့်လိုက်တော့ ပြန်လာပါပြီလက်ထဲကအထုပ်များစွာဖြင့် ။

AN__မီက အခုမှစာစရေးတဲ့အတွက် အရေးအသားတော့မကောင်းပါဘူး ဒါပေမဲ့ မီ ဆက်ပြီးကြိုးစားသွားပါမယ် လိုအပ်ချက်တွေကိုဝေဖန်ထောက်ပြနိုင်ပါတယ် စာဖတ်သူတဦးချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါသည်

[Unicode]
သန်းခေါင်ယံည အချိန်အားဖြင့် ၂နာရီ ။

အိပ်ရာထက်ကလူတယောက်မှာတော့အိမ်မက်ဆိုးကို ရုန်းထွက်နေသည့်နှယ်။

' မသွားပါနဲ့..... အချစ်.. မဟုတ်ဘူး..မဟုတ်.. အား.. ' ချွေးများ မျက်ရည်များကျကာ လန့်နှိုးသွားသူက
အိပ်ရာမှဆင်းကာလှမ်းလာသည့်ခြေလှမ်းများက အခန်းတခန်းဆီသို့ ။

သို့သော်မြင်လိုက်ရသည်က....
သူထိတ်လန့်မိသည် သူ့အချစ်သူ့ဆီကထွက်သွားမည်ကို သူကြောက်သည် သူ့အိမ်မက်ထဲကလိုဖြစ်လာမည်ကိုတွေးတာခေါင်းပူသွားသည် ။

သို့သော်.

ခွမ်း... အား...

အသံလာရာ မီဖိုချောင်ထံခြေလှမ်းမိတော့မြင်လိုက်ရသည်က သူ့အချစ် ။

'နှောင်း'လှည့်ကြည့်လာသူက သူ့ကို လှည့်ကြည့်လာ၍
ခေါင်းငုံ့သွားသည်။

'ဘာလုပ်နေတာလဲ'မေးတော့ ပြန်မဖြေ။ နှုတ်ခမ်းပါးကိုသာ စေ့ပိတ်ကာအနည်းငယ်ဆူထွက်နေသည်။

ပြန်မဖြေသူကို မမေးတော့ဘဲကွဲသွားသည့်ဖန်ကွဲစများကိုသာ အရင်ရှင်းလိုက်သည်။ ရှင်းနေရင်းတောင်နောက်တလုံးကထပ်ကွဲသွားသေးသည်။ တရားခံကတော့ သူမဟုတ် သူမလုပ်သည့်နယ် မုန့်ကိုဇိမ်ပြေနပြေ စားနေသည်။

ရှင်းပြီးတော့
'နှောင်း 'ဘယ်နားထိမိသေးလဲမေးတော့ခြေထောက်ကိုပြလာသည်။ခြေဖဝါး၌ ဖန်ကွဲစစိုက်ဝင်ကာ သွေးပင်အနဲငယ်ထွက်နေသည်။
စားနေသူကို ဧည့်ခန်းထဲတွဲခေါ်လာကာ ဆေးထည့်ပေးလိုက်သည်အထိ မုန့်စားသူကအစားမပျက်။ နှောင်း စိတ်ဆိုးနေသေးတာလားမေးတော့ ခေါင်းငြိမ့်ပြသည်။
သူပြုံးလိုက်သည်။မနက်ကျဘာစားချင်လဲမေးတော့ ပြန်မဖြေ ။မုန့်ကုန်သွားတော့ အခွံကိုပစ်ချကာ လှည့်ထွက်သွားသည်။

အချစ်များစွာဖြင့် Où les histoires vivent. Découvrez maintenant