အချစ်များစွာဖြင့် (အပိုင်း ၁)

Börja om från början
                                    

မနက်မိုးလင်းတော့ မဟုတ်ဘူး နေ့လည်တောင်ရောက်တော့မှာ နှောင်းကတော့ အိပ်ပျော်နေဆဲ။ ဝုတ် ဝုတ် ဝုတ် ဝုတ် မြည်လာသောဖုန်းသံကြောင့်နှောင်းစိတ်ရှုပ်သွားသလို ထ၍ မကြည့်ဘဲကိုင်လိုက်တော့
'မထသေးဘူးလား ဘယ်နနာရီရှိနေပြီလဲ '

........

'နှောင်း...နှောင်း'အသံမြင့်လိုက်မှ 'အင်းနှိုးပြီ ထပြီ'ဆိုလာသူက မျက်စိကိုပွတ်၍နာရီကြည့်လိုက်တော့
အမယ်လေး သူလန့်သွားသည် ။

(၁၁)နာရီတောင်ထိုးတော့မှာ ။ ချက်ချင်းထ၍ ဖုန်းကိုချကာ အမြန်ပြင်ဆင်ရသည် ။ ဘာလို့ဆို သူ၏ချစ်မေမေက လာမည်ဟုကြိုပြောထားတာကို။
သွားတိုက်မျက်နှာသစ်၍ ခေါင်းလျှော်ရေချိုးတခါတည်းအပြီးအမြန်လုပ်ရသည်။ ပါးစပ်ကလည်း

' ရူးတော့မှာဘဲ အမယ်လေး နှောင်းတခက်ရေ နှောင်းတခက် နင်တော့လေ နင်တော့လေ 'နဲ့ကိုယ့်ကိုကိုယ်သာပြစ်တင်နေမိသည်။ ကြိုပြောထားတာက

လွန်ခဲ့တဲ့နစ်ရက်ကတည်းကသူမေ့နေတာ။ ကျားလိုက်သလို လုပ်လို့အပြီးခြံထဲက ကားသံကြားတော့အောက်ဆင်းလာသည်။ တွေ့လိုက်ရသည်က သူ့၏ချစ်မိခင် ဒေါ်နွဲ့ရီနဲ့ သူ့၏ ချစ်ဖခင်ဦးတခက်သာ။

တွေ့တွေ့ချင်းပြောလိုက်သည့်စကားက

'အခုမှနိုးလာတာမလား'တဲ့လေ ။

'မဟုပါဘူးကြာပြီ နှိုးနေတာ'လို့ပြန်ပြောလိုက်သည် ။

ဟုတယ်လေ သူညာတာမှမဟုတ်တာ သူနှိုးတာလွန်ခဲ့တဲ့နာရီဝက်ကတည်းက။

ဒေါ်နွဲ့ရ်ီကတော့မယုံပါဘူးဆိုတဲ့အကြည့်ဖြင့် ဘာချက်ထားလဲပြန်မေးတော့ နှောင်းလဲ 'အများကြီးပေါ့ အစုံဘဲ ချက်ထားတာ 'ဒါကတော့သူလိမ်လိုက်သည်။ သူမသိ သူတောင်ဘားမမစားရသေးတာ ။

သူ့မိခင်ကတော့ အင်း ထမင်းအရင်စားကြမယ်ဟူ၍ ထမင်းစားခန်းထဲနှောင်းရင်တမမဖြင့်လိုက်ဝင်လိုက်ရသည်။

သို့သော်ခုံပေါ်ကိုကြည့်မိတော့မှ သူစိတ်အေးသွားသည် ။ ဟင်းအစုံရှိနေသည်လေ။ သူလည်းဟန်မပျက်နေကာ တွေ့လား နှောင်းပြောသားဘဲ မေမေမှမယုံတာ ပြောတော့ မေမေက ညည်းကယုံချင်စရာကိုးဟူ၍သာ။

အချစ်များစွာဖြင့် Där berättelser lever. Upptäck nu