အပိုင်း - ၃

Start from the beginning
                                    

        သူ့စကားအဆုံး ကျိုးချန်က သက်ပြင်းချသည်။ ကျိုးချန်နဲ့သေချာစကားမပြောရတာကြာနေပြီမို့လို့ နောက်တစ်ရုပ်ထိုးဖို့ ပစ္စည်းတွေကို သွားယူကာ ကျိုးချန်နဲ့ အတူတူ စကားပြောရင်း ချည်ထိုးနေမိသည်မှာ မနက်အထိ ...။

"မင်းအိပ်တော့လေ ငါမျက်နှာသစ်ပြီး နွားနို့ပို့ဖို့ သွားတော့မယ် .."

"ဂရုစိုက်ဦး ... ငါမအိပ်ချင်သေးလို့ အိပ်ချင်တဲ့ အချိန်မှပဲ အိပ်လိုက်မယ်"

       ကျိုးချန်က အချိန်ရရင် ရသလောက် သူ့ကို ကူညီနေ၍သာ သူပိုပြီး အဆင်ပြေနေခြင်း...။ သူစက်ဘီးလေးနဲ့ ထွက်လာတော့ ဆောင်းရာသီရဲ့ ညတာရှည်မှုကြောင့် ပတ်ဝန်းကျင်က အမှောင်ကျနေဆဲပင်...။သူ နွားနို့ဒိုင်ဆီမှ ဘူးလေးတွေယူကာ ပို့ရမည့် အိမ်တွေဆီလိုက်ပို့နေတုန်း ရှေ့ကကွေ့ထွက်လာသည့် ကားတစ်စီးက သူ့ကို မြင်ပုံမပေါ် ...။

"အား ...!"

      သူအော်ရင်း စက်ဘီးကို ကွေ့ချလိုက်ရာမှ စက်ဘီးလေးဟာ အရှိန်မထိန်းနိုင်ပဲ မှောက်သွား၍ သူပါမြေပြင်ပေါ်  ဝုန်းခနဲ ...။

"ရရဲ့လားကောင်လေး"

"ရတယ်ဗျ"

      ကားပေါ်က လူကို သူအပြစ်မရှာချင်တာကြောင့် စက်ဘီးကို ထောင်ကာထဖို့လုပ်လိုက်သည်။ တကယ်ဆို သူလည်း အရှိန်မြန်လို့ဖြစ်တာမလား။

"အ ..."

"ရရဲ့လား ကိုယ်လိုက်ပို့ပေးပါ့မယ်"

"ရပါတယ်"

        ရပါတယ်သာပြောနေပေမယ့် ပြုတ်ကျတုန်းက အရှိန်ပြင်း၍ ခြေကျင်းဝတ်က တဆစ်ဆစ် ...။

"ဆေးခန်းလိုက်ခဲ့ပါ"

       သူ့ထက်အများကြီး ကြီးပုံရသည့် ထိုလူကို ရှောင်းကျန့်မြင်ဖူးနေသလိုရှိနေပေမယ့် ဘယ်မှာလဲ သူမသိ ...။ သူနဲ့ တွေ့ဖူးတာလည်း ဖြစ်ချင်မှ ဖြစ်နိုင်မည်။ ထိုလို လူချမ်းသာတွေနဲ့ ရှောင်းကျန့်မှ မပတ်သက်ခဲ့ပဲ ....။

"ကိုယ့်ဘက်ကမဆင်မခြင်လုပ်မိလို့တောင်းပန်ပါတယ် မှောက်သွားတဲ့ နွားနို့ဘူးတွေကိုလည်း ပြန်လျော်ပေးပါ့မယ်"

𝐓𝐡𝐞 𝐀𝐫𝐭𝐢𝐬𝐭 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now