အပိုင်း - ၃

Start from the beginning
                                    

"ရိပေါ်က မင်းညီဖြစ်သလို ငါ့ညီလေးပဲလေ ... ငါတို့အတူတူတွေ့တာမဟုတ်ဘူးလား ... မင်းတစ်ယောက်တည်းပဲ အပိုင်သိမ်းဖို့မကြိုးစားနဲ့ ... ငါ့ညီအတွက် ငါပေးတာမို့လို့ ယူထား ..."

       ရှောင်းကျန့် ငြင်းလို့မရတော့တာသိ၍ ကျိုးချန်လှမ်းပေးတဲ့ ပိုက်ဆံလေးကို လှမ်းယူကာ သူ့ညီငယ်လေးကို ငုံ့ကြည့်ရသေးသည်။ ကျိုးချန်ပြောတဲ့ စကားတွေကို သူ့ညီငယ်လေး ကြားလို့ မဖြစ်...။
သူ့ပေါ်က ရိပေါ်လေးကို အိပ်ရာပေါ်လေးချလိုက်တော့ အနည်းငယ်လေး လှုပ်လာတာကြောင့် သူ့မှာ လက်ကလေးကို ပုတ်ပေးရပြန်သည်။

"ရှောင်းကျန့် ခဏစကားပြောမလား"

"အင်း"

     ရှောင်းကျန့် ထိုးလက်စ ချည်လုံးနဲ့အရုပ်လေးကိုပါ ကိုင်၍ အခန်းတံခါးကို အသာလေးစေ့ကာ အပြင်ကို ထွက်လာခဲ့သည်။

"ရိပေါ်မိဘအရင်းတွေကို ရှာကြည့်ပါလား ... ငါတို့ထက် ပိုပြီးအဆင်ပြေနိုင်မယ်ထင်တယ်"

"သူတို့တောင် အဆင်မပြေလို့ စွန့်ပစ်သွားတာလေ ...  ရှာလို့ဘာထူးမှာလဲ ... ဟင့်အင်းမဟုတ်ဘူး ... ငါမရှာချင်တာ ငါလက်လွှတ်မပေးနိုင်ဘူးထင်တယ်"

"ရိပေါ်အခြေအနေကို မင်းသိရဲ့သားနဲ့ ... သူ့ကိုတွေ့တုန်းကလေ သူ့ဆီမှာ ဆွဲကြိုးပါတယ်မလား"

"ငါရောင်းလိုက်ပြီ .. ဟိုတစ်ခေါက်အသည်းအသန်ဖြစ်တုန်းက"

      တကယ်ဆို သူထိုဆွဲကြိုးလေးကို မရောင်းရသေး ...။ ကျိုးချန်သာသိရင် အရင်လို သတင်းစာထဲ ထပ်ထည့်ဖို့ လုပ်မှာစိုး၍ သူထုတ်မပြောရဲ ...။

"ရိပေါ်က ငါ့ညီလေးပဲ ... အဆုံးထိငါစောင့်ရှောက်သွားမှာ "

"ဟင်း ... ပေး ငါကူထိုးပေးမယ်"

       ကျိုးချန်က သူ့လက်ထဲမှ ချည်လုံးနဲ့ အရုပ်လေးကို လှမ်းယူ၍ ဆက်ထိုးနေသည်။ မေမေက အတူတူ သင်ပေးခဲ့တာမို့ ကျိုးချန်လည်း ချည်ထိုးတတ်၏ ။

"မနက်နွားနို့ပို့ဖို့ရှိသေးလား"

"အင်း"

"ရိပေါ်ကသိလား မင်းဒီရက်တွေမှာ စျေးရောင်းနေတာကို"

"မပြောထားဘူး ... အကိုယွီပင်းဆီမှာပဲ အချိန်ပိုလုပ်နေတယ်ဆိုပြီးပြောထားတယ် အရုပ်တွေကတော့ ဒိုင်ဆီပို့ပေးရတယ်ပေါ့ အဲ့လိုတော့လိမ်ထားရတာပဲ"

𝐓𝐡𝐞 𝐀𝐫𝐭𝐢𝐬𝐭 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now