ချင်းဖန်တစ်ယောက် ceoဆီရောက်တော့
"ကျွန်တော့်ကို ဘာကိစ္စနဲ့များ.."
"မနက်ဖန်အတွက် သူလေ့ကျင့်နေပြီလား"
"ဟုတ်ကဲ့ "
"အင်း အမှားအယွင်းမရှိစေနဲ့ ကြားလား"
"ဟုတ်ကဲ့ပါ ကျွန်တော် ဂရုစိုက်ပါ့မယ်"
"ဒါနဲ့ သူမိန်းကလေးတွေနဲ့ အရှုပ်အယှက်တွေ မရှိတာ သေချာတယ်နော်"
"သေချာပါတယ် ceo"
"အင်းပြီးတာပဲ သေချာစောင့်ကြည့်ထား ငါတို့ နာမည်မပျက်ချင်ဘူး"
"ဟုတ်ကဲ့ပါ"
Xiaozhan koreaရောက်တော့ ညနေပင်စောင်းနေသည်။ဒါကြောင့်သူ taxiငှားပြီး ဟိုတယ်တစ်ခုမှာနားလိုက်သည်။သူရောက်တော့ ညပင်မှောင်နေသည်။
"ဝါး လှလိုက်တာ"
သူငှားတဲ့အခန်းကနေ ကြည့်ရင် မြို့ကို မီးရောင်ထိန်ထိန်နဲ့ မြင်နေရသည်။သူ အိပ်ရာပေါ လှဲလိုက်ရင်း
"အင်း ပွဲက မနက်ဖန်ညမှဆိုတော့ ငါ မနက်ပိုင်းလျှောက်လည်လို့ရပြီ
ဟား...ဟား ဟာ ဟုတ်သား မားကို ဖုန်းဆက်ရမှာပဲ video callနဲ့ လှမ်းခေါမှ"
Ring,..........
"ဟဲလို သားလေး ရောက်ပြီလား"
"ရောက်ပြီမားရေ အခု သားဟိုတယ်မှာ"
"လှလိုက်တာ အခန်းက"
"ဟုတ်တယ် မားရဲ့"
"ဟုတ်ပါပြီ သားနားတော့လေ"
"ဟုတ်ကဲ့ မား"
Xiaozhanနောက်နေ့မနက်နိုးတော့ 7နာရီ။ညက ညစာမစားဘဲ စောစောအိပ်တော့ အစောကြီးနိုးနေသည်။ခုတော့ ဗိုက်ကဆာနေပြီ။မျက်နှာမြန်မြန်သစ်ပြီး မနက်စာစားရမယ်။ပြီးရင်တော့
လျှောက်လည်ရမယ်။
Xiaozhanတစ်ယောက် အခုရောက်နေတာ ဈေးတစ်ခုမှာ။
အသီးတွေကလဲ မျိုးစုံပင်။နောက်ဆုံးတော့သူ ဆိုင်တစ်ဆိုင်ကို ၀င်လိုက်သည်။အဲဒီ့ဆိုင်က အမဲအူစွတ်ပြုတ်ဆိုင်။သူမတက်တခေါက် ကိုရီးယားစကားနဲ့ ပြောပြီး မှာလိုက်သည်။စွတ်ပြုတ်ရောက်လာတော့
"ဝါး စားလို့ကောင်းမဲ့ပုံပဲ"
သူစားသောက်ပြီးထပ်ထွက်လာသည်က ပန်းခြံတစ်ခု။သူစွတ်ပြုတ်စားပြီးလို့ ဗိုက်ပြည့်ပြီ မထင်ပါနဲ့။သူလက်ထဲမှာ အသားညှပ်ပေါင်မုန့်ကိုင်ပြီး ခုံတန်းလေးတစ်ခုမှာ ထိုင်စားနေသည်။
ပတ်၀န်းကျင်ကို လေ့လာရင်းပေါ့။
သူစားရင်းနဲ့ သူဘေးကို လူတစ်ယောက်လာထိုင်လေသည်။တခြားနေရာတွေက အတွဲတွေနဲ့ ပြည့်နေတော့ ထိုလူထ်ုင်စရာနေရာက သူ့ဘေးနားပဲရှိသည်။ထိုသူက maskအုပ်ထားသည်။အသားကတော့ ဖြူတယ်လို့ပဲပြောရမည်။xiaozhanထိုသူကို ဘယ်လောက်ငေးနေသည်မသိ ထိုလူက ပြန်ကြည့်တော့မှ သူမျက်နှာလွှဲရသည်။ဒါတောင် သူစားနေတဲ့ ပေါင်မုန့်က သီးသွားသေးသည်။
"အဟွတ်....အဟွတ်"
ထိုလူက ရေဘူးကမ်းပေးလိုက်တော့ xiaozhan ယူလိုက်ပြီး
"အာ...ရှဲ..ရှဲ ဆော်ရီး thank you"
"ရပါတယ်"
ထိုလူက တရုတ်လိုပြန်ပြောလာတော့ xiaozhanအံ့ဩသွားပြီး
"တရုတ်လား"
"အင်း ဟုတ်တယ်"
"အာ...ဒီကို လာလည်တာလား"
"ဟင့်အင် ဒီမှာနေတာ"
"အော် ငါက လာလည်တာ ..အင်း လာလည်တယ်လို့ပဲပြောရမှာပေါ့
အမှန်တော့ ငါက wangပိုးရဲ့ showကို လာကြည့်တာ"
"ဟမ် ဘာwangပိုးလဲ မကြားဖူးပါဘူး ဒီမှာ"
"အာ ငါက Wang yiboကိုပြောတာ မင်းသူ့ကိုသိလား"
"အင်း သိတယ်"
"အင်းပေါ့ သူကကျော်ကြားတာပဲဟာ"
"ဒါဆိုမင်းက သူ့fanပေါ့"
"ဘယ်ကသာ ငါ့မားက သူ့fanလေ လက်မှတ်လိုချင်လို့တဲ့ ငါ့ကို လွှတ်လိုက်တာ"
"အော်"
"မင်းရော သူ့fanမဟုတ်ဘူးလား"
"ငါလား ..ငါက"
Ring......
"ဟဲလို"
"........"
"အင်း ခုပြန်လာခဲ့မယ်"
"ကဲ ငါပြန်ရတော့မယ်"
"အော် အင်းပါ သွားလေ"
ထိုလူထွက်သွားတော့ xiaozhanတစ်ယောက်သာ ကျန်ခဲ့တော့သည်။
"အာ ငါသူ့နာမည် မမေးခဲ့လိုက်ရဘူး ရှားရှားပါးပါးလေး လူမျိုးတူကို တွေ့တာကို"
YOU ARE READING
Director Xiao and Actor wang(Complete)
Fanfiction"ကဒ်.....ကဒ် ဘယ်လိုဖြစ်လို့ ငါ့မင်းသားနား အရမ်းကပ်နေတာလဲ" Xiaozhan "Zhange ကကျွန်တော်ရဲ့ တစ်ဦးတည်းသော directorလေး" Wang yibo "Directorကြီးက အရမ်းဘက်လိုက်တာပဲ" Staff "ကဒ်.....ကဒ် ဘယ်လိုဖြစ်လို့ ငါ့မင်းသားနာ...
Part5(Unicode)
Start from the beginning
