အလင်းရောင်ပေးနိုင်တဲ့ မီးလုံးလေးတေရှိနေပေမယ့်....
ငါရဲ့ဘဝကိုအလင်းပေးခဲ့တဲ့ မင်းလေးကတော့ ....
ငါ့ဘဝထဲကနေပျောက်ကွယ်သွားခဲ့ပြီပဲ....
ဇာတ်လမ်းလေးရဲ့အစလေးကတော့
၅နှစ်သမီးလေး လမင်းကြယ်စင်ရဲ့အမေ ဒေါ် စန္ဒာမှ
"သမီး အမေတို့ ဇာတိပြန်ရမယ်
ဟင် တကယ်လား....
ဘယ်တော့သွားရမှာလဲ...
မနက်ဖြန်....
သမီးပင်ပန်းမှာစိုးလို့ ဖေဖေ့ကိုခွင့်ယူခိုင်းပြီး အေးဆေးပဲသွားကြမယ်..
ဟုတ်.."
အရွယ်နဲ့မလိုက်အောင် ရင့်ကျက်လှတဲ့လမင်းကြယ်စင်လေးရဲ့စိတ်ထဲမှာတော့
"ဇာတိလို့ထင်ခဲ့တဲ့ ကလောမြို့ကနေ ရုတ်တရက်ခွဲခါရတဲ့အခါ....
ဝမ်းနည်းမှု...
အေးချမ်းတဲ့မြို့လေး ရဲ့ နှုတ်ဆက်မှု..."
တွေကို ခံစားနေရရှာတာပေါ့
ဒီလိုနဲ့ဇာတိကိုပြန်ရောက်ခဲ့လေပြီ....
ပျော်နေခဲ့တဲ့အမေဆီကနေ စကားတစ်ခု စ ကြားခဲ့ရတယ်...
"အစ်မငါတို့ပြန်ရောက်ပြီ...."
ဆိုပြီးတော့ပေါ့..
ဘယ်သူမှန်းမသိတဲ့ အန်တီကြီးတစ်ယောက်ကနေ
"အေး နင်တို့ပြန်လာပြီလား.."
လို့ ပြန်နှုတ်ဆက်ခဲ့တယ် ...
ပြီးမှ အမေကနေ
" ဒါ သမီးရဲ့အန်တီ မေမေ့ အစ်မ ဒေါ်မြသက်တဲ့ ..."
ထူးဆန်းနေခဲ့တာပေါ့...
ကလေးဆိုလို့ဘယ်သူမှမရှိတဲ့ နှစ်ဖက်အမျိုးမှာ
တစ်ဦးတည်းသော ကလေးဖြစ်နေခဲ့တော့
နေရာသစ်မှာ ဖော်မဲ့နေခဲ့တာပေါ့..
ထိုစဉ် ဘေးအိမ်မှ ရွယ်တူကောင်လေးတစ်ယောက် ရောက်လာခဲ့တယ်
"အန်တီမြသက် ကျွန်တော့ အမေက အန်တီကိုဟင်းပို့ခိုင်းလိုက်လို့..
အေး သား..
အန်တီပြန်လာပို့မယ်နော်..
ဟုတ်...
အန်တီတို့အိမ်မှာဧည့်သည်တွေရောက်နေတာလား....
အေး သား...
အန်တီညီမလေး ...
သူတို့အိမ်ကိုပြန်လာတာ...
ဟိုကောင်မလေးကအန်တီနဲ့ဘာတော်လည်း..
ဪ သူလား အန်တီ့ တူမပေါ့..
အန်တီလှသလောက် သူကရုပ်ဆိုးလိုက်တာ...
သား ကလည်း မ စ ပါနဲ့...."
အချစ်ခံ ချစ်စရာကောင်းတဲ့ ကောင်မလေး လမင်းကြယ်စင် ကို
ရုပ်ဆိုးလိုက်တာ လို့ပြောခဲ့တဲ့ ဘဝရဲ့ ပထမဆုံး ယောက်ျားလေးဖြစ်ခဲ့တာပေါ့
PS.......အခုဖတ်နေတဲ့သူတွေဆီမှာကော ငယ်ငယ်က အမြင်မကြည်တဲ့ ကောင်လေး တစ်ယောက် ရှိခဲ့ဖူးလား
ВЫ ЧИТАЕТЕ
"One question! Why?"
Любовные романыလူတိုင်းမှာတော့အချစ်ဦးကိုယ်စီရှိတတ်ကြတာပါပဲလေ....✔ အချစ်ဦးကိုမြေးရတဲ့ထိတောင်မမေ့တတ်ကြဘူးတဲ့.... အချစ်ဦးကို ၇ နှစ်စောင့်ခဲ့တဲ့သူရှိသလို.....💌 ၇ ရက်နဲ့သစ္စာဖောက်သွားတဲ့သူ တွေလည်းရှိတတ်ကြတာပါပဲ....💔 အခု ရေးချင်တဲ့ fic လေးကတော့ "one question! Why?"...
