အပိုင်း - သုံး

Comenzar desde el principio
                                    

အခု ဆက်ဥသြ၏ဘဝထဲကို နီတာရဲလေး
ဝင်ရောက်လာတော့မည် ။
ပတ်ဝန်းကျင်ဆိုသည့် အမျိူးကတော့
ပြောကြမှာ အသေအချာပဲ ။
အဲ့ဒါတွေက ဘာအရေးလဲ အရေးကြီးတာက
နီတာရဲသည် ဆက်ဥသြ၏အရာရာ
တန်ဖိုးထားရာ ဖြစ်လာမှာပဲလေ ။

သေချာလွန်းတာထက်ကို ပိုနေပါပြီ ။

" ဟုတ် ဖေဖေကြီး သား နီတာရဲလေးကို
မွေးမယ် "

ထိုနေ့ကစပြီး ဆက်ဥသြ၏ ဘဝကြီးထဲ
မွေးကင်းစနီတာရဲလေး ရောက်ရှိလာခဲ့သည် ။

ဖေဖေကြီးတို့နှင့် အတူတူမနေပဲ
ဆက်ဥသြ condo မှာသာ နီတာရဲလေးနှင့်
နေသည် ။

ကျောင်းတတ်ချိန်တွေဆို ဖေဖေလေးတို့ဆီ
နီတာရဲလေးကို ပို့ထားရသည် ။

ဆက်ဥသြ စာသင်တာတောင် စိတ်မဖြောင့် ။
ဲအကြောင်းကတော့ နီတာရဲလေးက
ဆက်ဥသြ မရှိရင် လိုက်ရှာတတ်သည် ။
မတွေ့လျှင်လည်း မရပ်မနားငိုတတ်သည်မို့ ။

တစ်ခါကဆို နီတာရဲလေးကို ဖေဖေကြီးတို့ဆီ
ဝင်ပို့တော့ ဆက်ဥသြ၏ အင်္ကျီစကို
လက်သေးသေးလေးတွေနှင့် ဆုပ်ကိုင်ထားတာ
လုံးဝ မလွတ်ပေ ။

ထိုနေ့က ဆက်ဥသြလည်း ကျောင်းမသွားချင် ။
စိတ်ထဲ ခဲဆွဲထားသလိုပဲ စိတ်တွေလေးနေသည် ။

ကျောင်းကလည်း ပျက်လို့မရသည်မို့
နီတာရဲလေးကို အတင်းချော့ကာ
ဖေဖေကြီးလက်ထဲ ထည့်ခဲ့လိုက်သည် ။

ကျောင်းမှာစာသင်ရတာလည်း တကယ်ကို
စိတ်မဖြောင့်တာ ။
သူငယ်ချင်းနှစ်ယောက်ကတောင်
ဆက်ဥသြကို မျက်စိနောက်လာပြီ လို့ပြောလာ
သည်အထိ ။

" သားသားရေ နီတာရဲလေး ကိုယ်တွေပူပြီး
နေမကောင်းဖြစ်လို့ ကိုဆုဆေးရုံကို သွားပြီ
သိလား "

ဖေဖေကြီးဆီမှ ဖုန်းဝင်လာသည်နှင့်
ဆက်ဥသြ စာသင်နေတာတောင် သတိမရတော့။

စာသင်ခန်းထဲက ပြေးထွက်လာပြီး
ဆေးရုံဆီ​ကိုသာ ရောက်လိုဇောဖြင့် မောင်းမိသည် ။

ဆေးရုံရောက်တော့မှ သိသည်က
နီတာရဲလေးက ညကတည်းက ကိုယ်ပူနေတာတဲ့။

ဆက်ဥသြ တကယ်ကို မသိခဲ့တာ ။
မနက်က ဆက်ဥသြကို မသွားစေချင်သည်မို့
အင်္ကျီကိုမလွှတ်တမ်း ဆုပ်ကိုင်ခဲ့တာလား
ကလေးလေဏန
းရယ် ။

' ဆက် ' ... ချစ်နေမယ်Donde viven las historias. Descúbrelo ahora