{ ဟိုးအောက်က A/N လေးပြီး
အောင် ဖတ်ပေးနော်}
************************************
Flashback
"ကိုယ်မင်းကို ချစ်တယ်ဆိုတာ
မင်းသိတယ်မလား?"
Luhan, Sehunကိုမေးလိုက်သည်။
သူတို့နှစ်ယောက် Sehun တို့အိမ်ရှေ့
က မြက်ခင်းပြင်ပေါ်မှာ လှဲနေကြသည်။
Sehun သူ့ခေါင်းလေးကို Luhanရင် ခွင် ထဲမှာ မှီထားပြီး လက်ချောင်း
လေးတွေနဲ့ Luhan ရင် ဘတ်ကို
ထိတွေ့ ဆော့ကစားနေသည်။
သူ Luhan ကို ပြန်မ ဖြေပါ။
သူ တစ်ခါမှလည်း မ ဖြေခဲ့ပါ။
ဒီနေ့လည်း မ ဖြေ။
ဒီမေးခွန်းကို Sehun မ ဖြေ
ချင် ဘူးဆိုတာလည်း Luhan
သိသည်။ သူ ဘယ်နှခါမေးမေး
ဘယ်တော့မှ ပြန်ဖြေမှာ မဟုတ်ဘူး
ဆိုတာလည်း ကောင်းကောင်းသိထား
သည်။
Luhan သက်ပြင်းလေးချကာ
နူးညံ့နေတဲ့ Sehun ဆံနွယ်လေးတွေ
ကို ပွတ်သပ်လိုက်သည်။ ဒီလိုအချိန်
သူလုပ်နိုင် တာ ဒါပဲရှိသည်လေ။
မ ဖြေချင် လို့ တင်းခံနေတဲ့လူတစ်
ယောက်ကို သူဘာများ ထပ်မျှော်လင့်
လို့ရပါ့မလဲ?
Flashback end
"ဘာပြောတာလဲ, Luhan ? "
Sehun တစ်ဖက်က နေ စိတ်မပါတဲ့
လေသံနဲ့ ပြန်ဖြေလိုက်သည်။
Luhan မျက်လုံးစုံမှိတ်ကာ စိတ်ငြိမ်ငြိမ်ထားပြီး ပြောလိုက်သည်။
"ကိုယ်တို့စ တွေ့ခဲ့တဲ့ ပန်းခြံမှာ
မင်းကိုယ့်ကို လာတွေ့နိုင် မလား?"
Sehun ဖုန်းကို နားမှာကပ်ထားရင်း
အခန်းထဲမှာ ပတ်လျှောက်နေသည်။
သူ Luhan ပြောတာကြားသည်။်။
![](https://img.wattpad.com/cover/35194859-288-k534468.jpg)
YOU ARE READING
Tears,We Loved (Myanmar Ver.)
FanfictionThis is my second translating fic.The original author is " undiscloseddesire1" from wattpad. I got the permission to translate from the author.I hope you enjoy!!!