အသိအမှတ်ပြုခြင်းကို လိုလားခြင်းနှင့် စိတ်ဝေဒနာတစ်မျိုး

Start from the beginning
                                    

အစရှိသဖြင့်...ကိုယ်လိုချင်တဲ့ အသိအမှတ်ပြုခြင်းကို မခံရတဲ့အခါ ထိုကဲ့သို့တော့အတွေးတွေ ဝင်လာတတ်ကြပါတယ်။ မျိုသိပ်ထားတဲ့အကြိမ်များလာတာနဲ့အမျှ စိတ်ဝေဒနာလည်း ဆိုးရွားလာနိုင်ပါတယ်။"ငါ ဘယ်လောက်လုပ်ပေးလုပ်ပေး ဘာထူးခြားသွားမို့လို့လဲဆိုပြီး... " တချို့က အရွဲ့တိုက်စိတ်ဖြစ်သွားတတ်ကြပြီး တချို့ကျတော့လည်း "ငါ က အရေးမပါ ပါလား"ဆိုတဲ့ သိမ်ငယ်စိတ်တွေ ဝင်လာပြီး စိတ်ကို ထောင်ချောက်မိစေပါတယ်။ ထိုမှစလို့ စိတ်ကြောင့်ဖြစ်တဲ့ လူတွေနဲ့ ဆက်ဆံရမှာကြောက်ခြင်း၊ လူတွေကို မုန်းတီးလာခြင်း၊ လူတွေနဲ့ အဝေးမှာနေခြင်း စသော စိတ်ရောဂါတွေ ဖြစ်လာတတ်ပါတယ်။

ဒါကြောင့် ဒီလိုနောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်မလာအောင်... လုပ်ရမယ့် နည်းလမ်းကတော့

🍀ဥပေက္ခာ တရား လက်ကိုင်ထားခြင်းပါ။🍀

ဥပေက္ခာတရားဆိုတာ
❤️ငါ ကူညီသင့်တယ်ထင်လို့ ကူညီလိုက်တယ် .... သူ ငါ့ကို ပြန်ကူညီသည်ဖြစ်စေ မကူညီသည်ဖြစ်စေ ငါ စိတ်မဝင်စားဘူး။
❤️ငါ အနစ်နာခံသင့်တယ်ထင်လို့ အနစ်နာခံလိုက်တယ်.... သူ ငါ့ကို ပြန်ပြီ အနစ်နာခံသည်ဖြစ်စေ မခံသည်ဖြစ်စေ ငါစိတ်မဝင်စားဘူး။
❤️ငါ သည်းခံသင့်တယ်ထင်လို့ သည်းခံတယ်... သူ ငါ့ကို ပြန်ပြီး သည်းခံသည်ဖြစ်စေ မသည်းခံသည်ဖြစ်စေ ငါ စိတ်မဝင်စားဘူး။အစရှိသဖြင့် မျှော်လင့်ချက်မပါတဲ့... ပေးလိုမှုမျိုးနဲ့သာ ပေးလိုက်မယ်ဆိုရင် ထို အသိအမှတ်ပြုခံချင် ခြင်းကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးတွေကို ရှောင်နိုင်မှာပါ။အစပိုင်းမှာ ခက်ခဲပါတယ်။ ကျင့်ယူပေးပါ။ တဖြည်းဖြည်းနဲ့ ဥပေက္ခာရဲ့ အေးချမ်းမှု သဘောကို ခံစားလာရပါလိမ့်မယ်။

တစ်ဖက်က ကျေးဇူးတုံ့ပြန်တဲ့အခါ.. ဒီလူဟာ...လူသားဆန်တဲ့ စိတ်ရှိပါလားဆိုပြီး ဝမ်းပန်တသာ ခံယူပါ။တစ်ဖက်က ကျေးဇူးကန်းတဲ့အခါလည်း... ဒီလူဟာ လူသားဆန်တဲ့ စိတ်မရှိပါလား..ဆိုပြီး သူ့အတွက် ဝမ်းနည်းပေးလိုက်ပါ။ဒါသည်ပင်.. ကိုယ့်ကိုယ်ကိုယ်..စိတ်ရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်သည့် အကောင်းဆုံးနည်းလမ်းပင်ဖြစ်ပါတယ်။crisis ကာလကြီးမှာ အားလုံး စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်။

ကောင်မလေးတွေဖတ်ဖို့Where stories live. Discover now