Part-4(Unicode)🍒🍒🍒

Start from the beginning
                                        

"သားငယ်စိတ်ကောက်နေပြီပြောပြလိုက်ပါ
မေကြီးရယ်....."

"ကဲ.....ဟုတ်ပါပြီ သားကြီးရဲ့မဂ်လာကိစ္စပါ"

"ဟမ်အဲဲ့ဒါဆို....ကိုကိုကမိန်းမယူတော့မှာ
ပေါ့သားကကိုကို့ကိုချစ်လို့မဝသေးပါဘူး"

"အချွဲလေး......ကိုကိုကစေ့စပ်ထားတာကြာပြီလေလက်ထပ်သင့်နေပြီ"

"ဟုတ်ပါ့သားကြီးရေ......မင်းညီကတော့
ချွဲစိန်ပဲ"

"ငါ့မြေးကချစ်ဖို့ကောင်းတာပါ......."

ဒယ်ဒီကသူ့ကိုချွဲစိန်ဟုပြောတော့ဖွားဖွားက
မခံမရပ်နိုင်ဖြစ်၍ဝင်ပြောသည်။

ထို့နောက်သူတို့ထမင်းဝိုင်းလေးကိုရယ်သံ
တွေဖုံးလွှမ်းသွားလေသည်။

သူတို့မိသားစုညစာစားပွဲလေးဟာတကယ်
ကိုပျော်ရွှင်စရာကောင်းလှပါသည်။

🏵🏵🏵🏵🏵🏵🏵🏵🏵🏵🏵🏵🏵🏵

Mewအတန်းထဲကိုရောက်တော့ထုံးစံအတိုင်း
တွေ့လိုက်ရပါပြီSupriteဗူးလေးနှင့်ပို့စကတ်
အပြာနုရောင်လေး........။

အခုရက်ပိုင်းသူနေ့တိုင်းတွေ့နေရသည်မို့
သူ့ကိုcrushနေတဲ့သူလာထားတာကိုတော့
ရိပ်မိပါသည်။

အပြာနုရောင်ပို့စကတ်လေးကိုဖွင့်၍ဖတ်လိုက်သည်။

"Will you be mine? "

Gulf

ရိုးရှင်းသောစာလေးတစ်ကြောင်းဟာသူ့ရင်
ကိုလှုပ်ခါနိုင်စွမ်းရှိပါသည်။

ပဟေဠိတွေနှင့်ဖွဲ့သီထားသောGulf
ဆိုတဲ့နာမည်လေးဟာသူ့အတွေးတွေကို
စိုးမိုးထားလေသည်။

O"ဟျောင့်Mewရောက်နေတာကြာပြီလား"

M"အခုလေးတင်ရောက်တာ.....ဒါတွေဘယ်သူလာထားတာလဲမင်းသိလား?"

O"ငါကငါ့crushကိုသွားချောင်းနေတာ....
မင်းလိုcrushခံလူတန်းစားမှမဟုတ်တာ
ဘာထူးဆန်းလို့လဲ.....အရင်လည်းမင်းကို
crushနေတဲ့သူတွေအခုလိုလာထားနေ
တာပဲ"

Mewလည်းသူ့ကိုယ်သူအံ့သြမိပါသည်။
သူ့တစ်ခါမှမမြင်ဖူးတဲ့လူအပေါ်မှာစိတ်လှုပ်
ရှားနေမိသည်။
သေချာတာကတော့ဒီလူချဥ်းကပ်တဲ့
နည်းလမ်းဟာသူ့ကိုရင်ခုန်စေတာတော့
အမှန်ပင်။

 ဒီရင်ခွင်ဆီကြွေဆင်းလှည့်ပါ"ကြယ်"Where stories live. Discover now