"သခင်လေး.... ညစာစားလို့ရပါပြီ"
သူအတွေးလွန်နေစဉ် အိမ်အကူကောင်မ
လေးလာခေါ်၍ညစာစားရန်အိမ်ထဲဝင်ခဲ့သည်။
ဒီနေ့ကသူတို့မိသားစုစုံစုံလင်လင်ညစာစား
ကြသည့်နေ့ဖြစ်သည်။
သူထမင်းစားခန်းထဲကိုရောက်တော့လူစုံ
နေပြီဖြစ်သည်။
ဟင်းပွဲများစွာချထားသောစားပွဲရဲ့ထိပ်မှာ
တော့သူ့ရဲ့ချစ်လှစွာသောအဖွား။
အဖွားရဲ့ဘေးမှာဒယ်ဒီနှင့်မာမီကနေရာယူ
ထားသည်။
သူကတော့အစ်ကို့ရဲ့ဘေးမှာဝင်ထိုင်လိုက်
သည်။
သူ၏အဖွားသည်တစ်ချိန်ကကျောက်မျက်လောကတွင်ထင်ရှားကျော်ကြားခဲ့သော
အမျိုးသမီးတစ်ဦးဖြစ်သည်။
ဒယ်ဒီကတော့ဖွားဖွားရဲ့တစ်ဦးတည်းသော
သားဖြစ်ပြီးဖွားဖွားရဲ့ကျောက်မျက်ကုမ္ပဏီ
ကိုအမွေဆက်ခံထားသည်။
ကျောက်မျက်ကုမ္ပဏီရှင်ဒယ်ဒီနဲ့ကျောက်မျက်ဒီဇိုင်နာမာမီတို့ရဲ့အချစ်ဟာရုပ်ရှင်
ဆန်ဆန်ပင်။
သူ့ရဲ့အစ်ကိုကတော့စီးပွားရေးနှင့်ဘွဲ့ရထား
သူဖြစ်သည်။
အခုဆိုရင်အစ်ကိုကဒယ်ဒီ့အလုပ်တွေကို
ကူညီနေပြီဖြစ်သည်။
သူထက်အသက်ခုနှစ်နှစ်ကြီးတဲ့အစ်ကိုက
သူ့ကိုအရမ်းချစ်ပြီးအလိုလိုက်သည်။
ခြုံငုံ၍ပြောရလျှင်တော့သူဟာတစ်မိသားစု
လုံးရဲ့အချစ်ခံလူသားလေးပင်။
ကျွန်တော် တစ်နေ့တော့ခင်ဗျားရဲ့အချစ်ခံလူသားလေးဖြစ်ချင်မိတယ်P'Mew.......။
သူကအငယ်ဆုံးမို့လူကြီးတွေရဲ့ပန်းကန်
ထဲကိုဦးချပြီးမှစားလေ့ရှိသည်။
"ကျောင်းတက်ရတာအဆင်ပြေရဲ့လား..
သားငယ်"
"ဟုတ်ကဲ့ ဒယ်ဒီ"
သူ့ပန်းကန်ထဲကိုဟင်းထည့်ပေးရင်းဒယ်ဒီ
မေးတော့သူဖြေလိုက်သည်။
သူ့ကိုလိုလေသေးမရှိထားကြသောဒယ်ဒီ
နဲ့မာမီကြောင့်သူ့ဘဝလေးကလုံခြုံပါသည်။
"ညစာစားပြီးရင်အားလုံးကိုသတင်းကောင်း
ပြောစရာရှိတယ်...."
"ဘာသတင်းလဲ မာမီ"
"ညစာစားပြီးမှပြောမှာပါဆို...."
"ဟွန့်....မာမီကလည်းသတင်းကောင်းဆိုတာ
မြန်မြန်ပြောလေကောင်းလေပဲကို"
YOU ARE READING
ဒီရင်ခွင်ဆီကြွေဆင်းလှည့်ပါ"ကြယ်"
Part-4(Unicode)🍒🍒🍒
Start from the beginning