ဆိုင်ကယ်ဦးထုပ်ကိုကမန်းကတန်းချွတ်ပြီး
ပြေးသွားတဲ့ညီမငယ်ကိုကြည့်၍ခေါင်းရမ်း
မိသည်။
Mewတစ်ယောက်ညီမငယ်ကိုအနုပညာ
ဌာနကိုလိုက်ပို့ပြီးတော့သူ့အတန်းဘက်ကို
ဆိုင်ကယ်စီးလာခဲ့သည်။
T"ဟျောင့်Mewနောက်ကျလိုက်တာကွာ"
M"ငါ့ညီမကိုလိုက်ပို့နေရလို့ပါကွာ....
ဟိုကောင်Offရောမရောက်သေးဘူးလား"
T"သူကအနုပညာဌာနကိုသွားမယ်
ပြောတာပဲ....."
M"ငါတို့မနက်ဖြန်ကျရင်Music club
အတွက်အဖွဲ့ဝင်တွေလိုက်စုရအုံးမှာနော်
Thara. ...."
T"အေး....ငါသိတယ်"
O"ဟျောင့်တွေ ဘာတွေပြောနေကြတာလဲ...."
M"Music clubကိစ္စ.....ဒါနဲ့နေပါအုံးမင်းက
အနုပညာဌာနကိုဘာလို့သွားတာလဲ"
O"ငါအနုပညာမေဂျာကကောင်လေးကို
သွားချောင်းနေတာ...."
T&M"Oh my God!"
O"ပုပုသေးသေးနဲ့ချစ်စရာလေးကွ
အသားလေးဆိုဖွေးဥနေရောပဲ....."
T"မင်းဘယ်တုန်းကလိုင်းပြောင်းသွားတာလဲ"
O"ငါအဲ့ကောင်လေးကိုမြင်မြင်ချင်း
ချစ်မိသွားတာပဲရှင်းရှင်းပြောရရင်တော့
ငါGayဖြစ်သွားပြီကွာ....."
T"Congratulations! 🤝🤝🤝"
သူတို့စကားပြောနေတုန်းဆရာဝင်လာသဖြင့်စာသင်ကြရသည်။
MewမှာTharaနဲ့Offဆိုတဲ့သူငယ်ချင်း
နှစ်ယောက်ရှိသည်။
သူတို့သုံးယောက်ဟာတက္ကသိုလ်စတက်
ကတည်းကတွဲခဲ့ကြတာမို့ပြောမနာဆိုမနာ
တွေပင်။
သူတို့သုံးယောက်ထဲမှာTharaတစ်ယောက်သာရည်းစားရှိသည်။
Offကတော့ချိန်ပါတစ်ယောက်ဖြစ်သည်။
သူကြိုက်တဲ့ကောင်မလေးမှန်သမျှဘဲရ
သွားလို့ချိန်ပါလို့နာမည်ပြောင်ပေးထား
ကြသည်။အခုလည်းစော်မရလို့ဂေါက်သွား
တာလားမသိဘူး။ကောင်လေးတစ်ယောက်
ကိုချိန်နေပြန်ပြီ။
Mewကတော့သူ့ကိုကြိုက်နေတဲ့
ကောင်လေးတွေကောင်မလေးတွေဝိုင်းဝိုင်းလည်နေပေမဲ့အခုချိန်ထိ
တစ်ယောက်ထဲ။
T"ဟျောင့်တွေ ငါသွားပြီ...."
O"ဆရာတောင်အခုမှထွက်သွားတာကို
ဘာတွေလောနေတာလဲ...."
T"ငါ့စော်ကဝက်သားတုတ်ထိုးစားချင်လို့တဲ့
အဲ့ဒါ လိုက်ကျွေးရအုံးမှာ...."
M"Rsတွေ များအလုပ်ကိုရှုပ်တယ်"
T"မနာလိုမဖြစ်နဲ့...ငါ့ကောင်"
M"Fa is the best. .."
T"ပြောထားအုံးပေါ့...."
M"Music clubကိစ္စဆွေးနွေးပြီးမှသွား...."
T"Group Chatထဲပို့လိုက်....ငါ့စော်အကြောင်းလဲသိသားနဲ့နောက်ကျရင်
နားရွက်ဆွဲလိမ်လိမ့်မယ်....ငါဒိုးပြီ"
Mewနဲ့Offလည်းစော်ကြောက်ကောင်ဟု
ပြိုင်တူအော်လိုက်ကြသညိ။
ဟိုအကောင်ကတော့ပြေးသွားသည်မှာ
အမြှီးကိုမမြင်ရတော့.....။
သူတို့သူငယ်ချင်းသုံးယောက်က
Group Chatဖွဲ့ထားသည်မို့တစ်ခုခုဆို
Chat boxမှာစာပို့၍ဆက်သွယ်ကြသည်။
MewကMusic clubရဲ့ခေါင်းဆောင်ဖြစ်ပြီး
Offနဲ့Tharaကတော့သူ့ရဲ့လက်ထောက်
တွေဖြစ်သည်။
M"ငါတိုMusic clubကိစ္စဆွေးနွေးရအောင်...."
O"Canteenမှာ တစ်ခုခုစားရင်းပြော
ကြတာပေါ့....."
M"အေး......ကောင်းသားပဲ "
ထို့နောက်သူငယ်ချင်းနှစ်ယောက်တစ်ယောက်ပခုံးကိုတစ်ယောက်ဖက်၍
Canteenရှိရာထွက်လာခဲ့ကြလေသည်။
🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉
စာဖတ်သူတွေရဲ့Vote✡နဲ့comment💌
တွေကကျွန်မတို့လိုစာရေးသူတွေအတွက်
အားဆေးပါပဲရှင်.......
ဒါဒါလေးတွေကျန်းမာချမ်းသာပါစေ
ဆုမွန်ခြွေလျက်
Author=ရှင်းသန့်
YOU ARE READING
ဒီရင်ခွင်ဆီကြွေဆင်းလှည့်ပါ"ကြယ်"
Part-3(Unicode )🍒🍒🍒
Start from the beginning