W"ဟို...ငါ...ငါအိမ်ပြန်တော့မယ်နော်"
ပြောပြီးထရပ်လိုက်တဲ့Winရဲ့လက်ကလေးကိုဆွဲယူလိုက်တော့သူ့ပေါင်ပေါ်ကိုပြုတ်ကျလာတဲ့ယုန်ပေါက်လေး....။
ခပ်နွေးနွေးခန္ဓာကိုယ်လေးကိုမြတ်နိူးစွာ
ပွေ့ဖက်ထားမိသည်။
B"ခဏလောက်....ဒီလိုလေးနေပါရစေနော်
ခဏလေးပါပဲ"
Winလည်းတိုးတိတ်စွာတောင်းဆိုလာတဲ့
Brightကိုငြင်းဆန်နိုင်စွမ်းမရှိပေ။
သူလည်းချစ်သူရဲ့ကြင်နာယုယမှုတွေကို
ခံစားချင်ပါသည်။
🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎
Mewထုံးစံအတိုင်းအချိန်ပိုင်းအလုပ်လုပ်
ရန်ဆိုင်ကယ်လေးနှင့်ထွက်လာခဲ့သည်။
ဆိုင်ကိုရောက်တော့မနက်စာစားနေသော
ဆိုင်ရှင်အစ်ကိုကိုတွေ့ရသည်။
M"P'Joo ဆာဝါဒီခ...."
J"ဆာဝါဒီခ.....မနက်စာစားခဲ့ပြီလား"
M"မစားရသေးဘူး....P'Joo"
J"LinရေMewအတွက်စားစရာတွေ
ယူခဲ့ပါအုံး......"
M"ကျွန်တော် မစားတော့ပါဘူး P'Joo
Customer တွေများလာပြီလေ...."
J"ဘာမှမဖြစ်ဘူးLinရှိတယ်......"
L"ဟုတ်တယ် မောင်လေးအစ်မရှိသားပဲ
မင်းအစ်ကိုနဲ့စားလိုက်ပါ....."
M"ဟုတ်ကဲ့ခင်ဗျ..... "
Jooဒီကောင်လေးကိုအရမ်းသဘောကျသည်။
ရိုးသားပြီးအလုပ်အပေါ်မှာစေတနာထား
တတ်တဲ့ကောင်လေးကိုညီလေးတစ်ယောက်
လိုသံယောဇဥ်တွယ်မိသည်။
သူနဲ့Linကိုလည်းအစ်ကိုအစ်မတွေလို
သဘောထားပြီးလေးစားရှာသည်။
Mewတစ်ယောက်P'Jooနှင့်အတူမနက်စာ
စားပြီးမှအလုပ်လုပ်ရလေသည်။
သူအလုပ်ပြီးတာနဲ့အိမ်ကိုပြန်ခဲ့သည်။
"Sundeeရေ....ပြီးပြီလား ညီမလေး "
"ဟုတ် ပြီးပြီ ကိုကို...."
"ကိုကို အဝတ်အစားလဲလိုက်အုံးမယ်..."
သူကျောင်းဝတ်စုံကိုဝတ်လိုက်ပြီးမှန်
ကြည့်ကာဆံပင်ကိုထောင်လိုက်သည်။
မှန်ထဲမှာတော့ချောမောစမတ်ကျတဲ့
အင်ဂျင်နီယာ ကျောင်းသားလေးရဲ့
ပုံရိပ်လွှာ...။
YOU ARE READING
ဒီရင်ခွင်ဆီကြွေဆင်းလှည့်ပါ"ကြယ်"
Part-3(Unicode )🍒🍒🍒
Start from the beginning