W"မင်းငွေကဒ်ပြန်ယူသွားအုံး...."
G"Ok!"
သူတို့နှစ်ယောက် ကားပါကင်ရှိရာသို့အတူ
တူလျှောက်လာခဲ့ပြီးလမ်းခွဲခဲ့ကြသည်။
G"သွားပြီ ဟျောင့်"
Gun"ဖြေးဖြေးမောင်းအုံး....."
G"See you tomorrow! "
Brightလည်းဟိုနှစ်ကောင်ပြန်သွားတော့
တံခါးပိတ်ပြီးသူ့ရဲ့ရင်ခုန်သံလေးရှိရာကို
လျှောက်လှမ်းလာခဲ့သည်။
Winသူနဲ့နှစ်ယောက်ထဲဆိုတဲ့အသိကြောင့်
ရင်ခုန်နှုန်းတွေမြန်နေခဲ့သည်။
B"Winကိုယ့်ကိုမော့ကြည့်ပါအုံးအချစ်..."
သူ့ရဲ့မေးဖျားလေးကိုကြင်နာစွာကိုင်ပြီး
ပြောလာတဲ့Brightကြောင့်ကြည်နူးရသည်။
သူချစ်တဲ့Brightရဲ့မျက်နှာကိုငေးကြည့်
နေမိသည်။
ထူထဲသောမျက်ခုံးအောက်ကမျက်ဝန်းလေး
တွေကအချစ်ရည်ရွှန်းလဲ့နေသယောင်။
နှာတံချွန်ချွန်အောက်ကနှုတ်ခမ်းလေးကို
သူအရမ်းသဘောကျသည်။
Brightရဲ့မျက်နှာအစိတ်အပိုင်းတွေထဲမှာ
နှုတ်ခမ်းတွေကိုသူအကြိုက်ဆုံးဖြစ်သည်။
B"Winကိုကိုယ်အရမ်းချစ်တယ်...."
W"ငါလည်းမင်းကိုချစ်တယ်"
Brightသူ့ယုန်ပေါက်လေးရဲ့ခေါင်းကို
လက်နှင့်ကြင်နာစွာထိန်းကိုင်၍
စတော်ဘယ်ရီရောင်နှုတ်ခမ်းပါးလေးကို
နမ်းရှိုက်လိုက်သည်။
အချိန်အတော်ကြာအထိမက်မောစွာ
နမ်းရှိုက်မိတော့ချစ်ရသူကလက်သီးဆုပ်
သေးသေးလေးတွေနှင့်သူ့ရင်ဘက်ကို
ထု၍သတိပေးသည်။
အသက်ရှုကြပ်သွားပြီထင်သည်။
မင်းကချစ်ဖို့ကောင်းလိုက်တာWin..
အနမ်းတို့ကိုရပ်တန့်ပြီးအနားပေးလိုက်တော့
အရှက်သည်းသောချစ်သူရဲ့ခေါင်းလုံးလုံး
လေးကသူ့ရင်ခွင်ထဲတိုးဝင်လာသည်။
ရှန်ပူရနံ့သင်းပျံ့နေတဲ့ဆံနွယ်တို့ကိုဖွဖွနမ်း
မိတော့သူ့ရင်ထဲပန်းတွေပွင့်သလိုခံစားလိုက်ရသည်။
YOU ARE READING
ဒီရင်ခွင်ဆီကြွေဆင်းလှည့်ပါ"ကြယ်"
Part-3(Unicode )🍒🍒🍒
Start from the beginning