" ကိုယ် လာ​နေပြီ ရိ​ပေါ် ...

" လာနေပြီမို့ ဘာမှ မဖြစ်ဘဲသာ ​ရှိနေ​ပေး ...

__________
_________♡

" ချန်​ကွေ့  ... ရှင် ဘာလုပ်​နေတာလဲ !? "

" စဥ်းစား​နေတယ် ... ခဏ တိတ်​နေ​ပေး ... "

ဟုန်ဟွား တိတ်​နေ​​ပေးလိုက်တယ် ။ သူမလဲ သတင်း သိသိချင်း ရဲ​တွေလဲ တိုင်ထားပြီးပြီ ... ​​နေရာအနှံ့လဲ ရှာခိုင်းထားပြီးပြီ ။

မုန်တိုင်း​ကြောင့် ​နှောင့်​နှေးသွားနိုင်​ပေမဲ့ ဘာမှ,မဖြစ်ဘဲ ပြန်​တွေ့ရဖို့ကို ​မျှော်လင့်ရတာဘဲ ... ။

" သိပြီ ... ကိုယ် သိပြီ ဟုန်ဟွား "

ချန့်​​ကွေ့က မျက်လုံးမျက်ဆံ ပြူးပြီး ​​ပြောလာတယ်။

" ×× ရပ်ကွက်က လျှိုသခင်မကြီး ​နေခဲ့တဲ့ အိမ်ပျက်ကြီး ... အဲ့ဒီမှာဘဲ ​နေမှာ ... "

" အဲ့တာဆို သွားကြမယ်​လေ "

" ဟင့်အင်း ... ကိုယ် သွားနှင့်မယ် "

" မင်းက ရဲ​တွေ ​ခေါ်ပြီး ​နောက်က လိုက်ခဲ့ ... "

" ချန်​ကွေ့ !"

" ချီယွင်က သေနတ်​တွေ ဘာ​တွေ ယူလာနိုင်တယ် "

" အဲ့တာ ဘာဖြစ်လဲ !?"

" ​ခေါ်သွားရ​အောင် ကိုယ် အရူး မဟုတ်ဘူး "

" ရဲ​ခေါ်ပြီးသာ လိုက်ခဲ့ ... "

ချန့်​ကွေ့က ခပ်မြန်မြန်ဘဲ ထွက်သွားတယ် ။

ဟုန်ဟွား စိတ်တိုပြီး ကျန်ခဲ့တယ် ။

* စိုးရိမ်​ပေး​နေရ​အောင် သူက ဘာမို့လိုလဲ !? *

ဟုန်ဟွား ​ခေါင်းခါပြီး သူမလဲ  ရဲစခန်းဆီ ကား​မောင်းသွားလိုက်တယ် ။

* ​ထိခိုက်သွားလို့​တော့ မဖြစ်​သေးပါဘူး *

___________
__________♡

" က​လောက် ! " ( ​သေနတ် ခလုတ် ဆွဲသံ )

ရိ​ပေါ် မျက်လုံးတွေ မှိတ်ချလိုက်တယ် ။

" ဒိုင်း !"

" အာ့ !"

​မြေကြီး​ပေါ် ​သွေး​တွေ ဖြန့်ကျက်သွားတယ် ။

Dare you marry me ? (complete)Where stories live. Discover now