" မောင် ပြောင်းလဲနေပြီ " 😢

119 5 0
                                    

မောင် အရင်လို မဟုတ်တော့ဘူး . .အရင်လို မဟုတ်တော့တဲ့နောက်ကွယ်မှာ မောင် သိသိသာသာ ပြောင်း
လဲတတ်လာခဲ့ပြီ

မောင့် ဆီကအချစ်တွေက အရင်လိုမနွေးထွေးတော့ဘူး . .မောင် အရင်လို ariel အပေါ်မှာ စိတ်မရှည်တော့ဘူး . .မောင် ariel ကိုအရင်လို စိတ်ရှည်ရှည်နဲ့ ချော့မပေးတော့ဘူး . .

မောင့် ဆီမှာ သက်ထား ဆိုတဲ့ကောင်မလေးတစ်ယောက်ရှိနေပြီမောင် အခုနောက်ပိုင်း ဒေါသတွေအမြဲလိုလို ထွက်နေတတ်တယ်

မောင် ariel အပေါ် ပြောင်းလဲခဲ့ပြီ . .
သေချာတာတစ်ခုကတော့
မောင် ariel ဆီမှာမပျော်တော့ဘူးဆိုတာ
ariel သိပါတယ် . .

ဒါမဲ့ ariel မောင့်ကို လက်မလွှတ်နိုင်သေးဘူး . .
မောင့်ဘက်က ariel အပေါ် ဘယ်လိုပဲပြောင်းလဲနေပါစေ . . .ariel အခုထိ မောင့် ကိုချစ်နေတုံးပါ. .

ဒီရက်ပိုင်း မောင် အိမ်ပြန်တွေနောက်ကျလာတယ် . . .
တခုခုဆို ဒေါသထွက်တိုင်း ariel ကို သူ့အနားကနေ
မောင်းထုတ်တတ်လာတယ် .  .  .

ariel ဘက်ကနေအပြည့်ဝပေးဆပ်ခဲ့ပေမဲ့
မောင့်ရဲ့အလိုမကျမှုတွေက ariel ကိုနာကျင်စေတယ်
မောင် မလိုမှတော့ ariel အလိုက်သိပေးရမှာပေါ့
တနေ့ ariel ကြောင့် မောင် နာကျင်ရတယ်ဆိုရင်
ariel မောင့်အနားကနေ အဝေးကို ထွက်လာပေးမှာပါ

အခုချိန်ထိ အိမ်ပြန်မလာသေးတဲ့ မောင့် ကို ariel စောင့်နေတုံးမောင့်ရဲ့ပြောင်းလဲလာမှုတွေကို ariel ပြန်တွေးမိလေ ရင်ဘတ်ထဲက နာကျင်ရလေပါပဲ . . .ထိုစဉ် အိမ်ရှေ့က မောင့်ရဲ့ဆိုင်ကယ်သံကြားတာကြောင့် ariel တံခါးဖွင့်ရင်း မောင့် အနားကို အပြေးလေး ရောက်လာခဲ့တယ် . . . .

ariel မောင့် ဆီကနေ ခါတိုင်း မောင်ဆွတ်နေကျ မဟုတ်တဲ့ရေမွှေးနံ့သင်းသင်းလေးတစ်ခုကို ရခဲ့တယ် .
ထားလိုက်ပါလေမောင့်ကို ariel ယုံကြည်တယ် . . .
ariel မောင့် လက်ထဲက အိတ်လေးကိုယူလိုက်ရင်း မောင်နဲ့အတူ အိမ်ထဲကို ဝင်လာခဲ့လိုက်တယ် . . .

" မောင် အိမ်ပြန်နောက်ကျတယ်နော် . . .

အဲ့တော့ မင်းက ဘာဖြစ်ချင်လို့လဲ . . .

ဘာမှမဖြစ်ချင်ပါဘူး . .ariel ကဒီတိုင်းပြောလိုက်မိတာပါ . .

အေး . .မင်း ငါ့ကို အိမ်ထောင်ရေးဆိုတဲ့ကြိုးနဲ့တော့
ချည်ဖို့မကြိုးစားနဲ့ . .လွတ်လပ်ချင်လို့ မင်းလိုလူကို ငါယူခဲ့တာ . .မင်းငါ့ကိုပုလိပ်စစ် စစ်ဖို့တော့ မစဉ်းစားနဲ့ . .သဘောပေါက်လား . . .

Come Back To Me ( Season 1 )Where stories live. Discover now