ထိုစားသောက်ဆိုင်တွင်းရှိ သီးသန့်ခန်းတစ်ခုထဲတွင်ကား လူနှစ်ယောက်မျက်နှာချင်းဆိုင် ထိုင်နေကြလေသည်။ ခဏအကြာတွင် ဩရှရှအသံနှင့် ကြားရသူမှန်သမျှနာခံစေနိုင်သော အရှိန်အဝါအပြည့်ဖြင့် လူတစ်ယောက်က စကားစပြောလာသည်။

" ရှန်းဘုရင်အသစ်က ...သူဆိုတာသေချာလား "

"သေချာပါတယ်မင်းကြီး ကျွန်တော်မျိူးနန်းတွင်းထဲထည့်ထားတဲ့ သူလျိူတွေဆီက အတိအကျသိခဲ့ကြောင်းပါ "

ကိုယ်ရံတော်ဖြစ်ဟန်တူသူက ပြန်လည်ဖြေကြားသည်။

"ပထမစီစဉ်ထားတဲ့အတိုင်းအရင်လုပ်လိုက် ဒီနည်းလမ်းအဆင်မပြေမှ ဒုတိယနည်းလမ်းသုံးမယ် နန်းတော်ထဲဝင်ဖို့အသင့်လုပ်ထား သူ့ကိုမှဲ့တစ်ပေါက်မစွန်းပဲ ဒီအတိုင်းလိုချင်တယ် တစ်ယောက်မှထိခိုက်အောင်မလုပ်မိစေဖို့ သတိပေးထားလိုက်"

ထိုလူက ဈေးအလွန်အင်မတန်းကြီးကာ ရွှေခြည်များအနားကွပ်ထားသော ပိုးထည်ဝတ်ရုံပြာကို မတ်တပ်ရပ်လျှက်ပြင်ဆင်ရင်း ထွက်သွားရန်ခြေလှမ်းပြီးမှ ခဏပြန်လှည့်လာကာ ထပ်ဆိုပြန်သည်။

"တော်ပြီ ငါကိုယ်တိုင်နန်းတော်ထဲဝင်မယ် မင်းတို့တွေသူ့ကိုလက်ဖျားနဲ့တောင်မထိနဲ့"

ကိုယ်ရံတော်လဲ အံဩသွားပေမယ့် သတိပြန်ထိန်းကာ နာခံကြောင်းပြန်လျှောက်တင်သည်။

"အမိန့်တော်အတိုင်းပါ ...မင်းကြီး"

ထို့နောက် မင်းကြီးချန်သည် ဆိုင်ရှေ့တံခါးဝမှပင်ပြောင်ပြောင်တင်းတင်းထွက်ခွာကာ လှုပ်ရှားသွားလာနေကြသော လူထုများကြားရောယှက်ကာပျောက်သွားတော့သည်။ သူဦးတည်ရာသည်ကား နန်းတော်တံခါးဝထံသို့သာ။ မဟုတ်လဲ မင်းကြီးချန်ကို ဘယ်သူမှမမြင်ဖူးကြပဲ။ ဒီအတိုင်း မျိူးရိုးမြင့် သခင်လေးတစ်ယောက် ပုံစံပဲလေ။

သူ့အနေနှင့် နန်းတော်တွင်းဝင်ဖို့ဆိုသည်မှာ စိတ်ပူစရာစိုးစဉ်းမျှမရှိပေ။ ဝင်ခွင့်ကဒ်ပြားကို တရားရေးရာအမတ်ကြီးဆီမှ ယူထားပြီးသား။ ထိုအမတ်ကတော့ ယခုအချိန်တွင် မြေအောက်ကမ္ဘာမှာ ဟေးပိုင်ဝူချန်နဲ့သွားတွေ့နေလောက်ပြီ။ သူက အမတ်မင်းအိမ်တော်အစား ပွဲသွားတက်လိုက်ရုံသာ။

𝐓𝐰𝐨 𝐏𝐚𝐫𝐚𝐥𝐥𝐞𝐥 𝐋𝐢𝐧𝐞𝐬 𝐌𝐞𝐞𝐭 𝐀𝐭 𝐈𝐧𝐟𝐢𝐧𝐢𝐭𝐲 '/ / 'Where stories live. Discover now