"ကိုယ့်crushနဲ့ကိုယ်နဲ့ ချစ်သူတွေဖြစ်ခွင့်ရဖို့ဆိုရင်
ပထမဆုံး မင်း သူ့ဆီကattentionယူနိုင်ဖို့လိုမယ်။
ရူပါနဲ့ ဆွဲဆောင်မလား။ ဒါမှမဟုတ် အသံနဲ့လား။
အဲ့ဒါတွေမှ မဟုတ်သေးရင် အနံ့၊ အရသာ၊ အထိအတွေ့ကွာ။ မင်းမှာ ငါအခုပြောနေတဲ့ ငါးချက်ထဲက တစ်ချက်ချက်တော့ ရှိနေသင့်တယ်။ ဒါမှ သူ မင်းကိုသတိထားမိလာမှာ။"
ချစ်မှုရေးရာ ဆရာကြီး မင်းသူ(ခေတ္တ အထက်တန်းကျောင်းသား)ရဲ့ ဟောပြောချက်တစ်ခုကို ကြားယောင်ရင်းက အပြန်ပြန်အလှန်လှန် သေသေချာချာ သူ စဉ်းစားသုံးသပ်ကြည့်မိသည်။
ခန့်ညားချောမောတဲ့အဆင်းနဲ့ အရင်ဆွဲဆောင်ရမလား။ ချိုမြိန်ကြည်လင်တဲ့အသံနဲ့ အရင်မြှူစွယ်ကြည့်ရမလား။
မေကြီးရဲ့ ရေမွှေးဘူးကို ခိုးဆွတ်သွားပြီးတော့ အနံ့နဲ့
အရင်ဖြားယောင်းကြည့်ရင်ရော ကောင်းမလား။
ဒါမှမဟုတ် မတော်တဆ ဝင်တိုက်မိချင်ယောင်ဆောင်ပြီး
သူ့ခန္ဓာကိုယ်အထိအတွေ့ကို စွဲလမ်းသွားအောင်
လုပ်ကြည့်ရင်ရော...။ နောက်ပြီး.. အရသာတဲ့။
သူကိုယ်တိုင်ချက်ထားတဲ့ ဟင်းတစ်ခုခုကို
ကျွေးကြည့်ရမလား။
အချိန်တော်တော်ကြာသည်။
ဘယ်နှကြိမ်မြောက်မှန်းမသိအောင် အထပ်ထပ်အခါအခါ တွေးတောပြီးတော့မှ သူရွေးချယ်ဆုံးဖြတ်လို့ ပြီးသွား၏။
ချေလွန်းသည့် သူ့အချစ်ရေခဲတုံးအား
တစ်နည်းတည်းနဲ့ သွားဆွဲဆောင်လို့ကတော့
တုပ်တုပ်မှလှုပ်မည်မဟုတ်ပါ။ ထို့ကြောင့်
မြှားငါးစင်းကို တစ်ချက်တည်းနဲ့ ပစ်လွှတ်မည်။
အင်အားပြင်းထန်လွန်းတဲ့ သူ့ဆွဲဆောင်မှုတို့အောက်မှာ
သူ့အချစ် ကျရှုံးသွားစေရမည်။
----------------------
(1)"အဆင်းဖြင့်ဆွဲဆောင်ရန် ပြင်ဆင်ခြင်း"
ရုပ်ရည်ရူပါနှင့် ဆွဲဆောင်တော့မည်ဆိုတော့
အရင်ဆုံး သူ မှန်ကြည့်သည်။ သူ့မျက်လုံးများက
မှေးသည်။ မျက်ရစ်မရှိ။ မျက်မှန်သမားမို့
သိပ်တော့မသိသာ။
YOU ARE READING
My Crazy Little Boy
Romance"ငါ့ကို ဘယ်အချိန်ကနေ ဘယ်လိုစပြီး ချစ်သွားတာလဲ ပြောပြ။" "မချစ်ပါဘူး။ မင်းကို ဘယ်သူကချစ်နေလို့လဲ။" "••••" >>အလွန်အကျွံစိတ်ကောက်emoji<<
