Part-2(Unicode)🍒🍒🍒

Start from the beginning
                                        

"ရေချိုးပြီးမှ စားတော့မယ် မဲ့..."

"မဲ့ ကလည်းသူ့သားအကြိုက်တွေချည်းပဲ
ချက်ထားတယ် ...."

"ဒါကတော့ကျုပ်ကကျုပ်သားကိုချစ်တာကိုး....."

"Sundeeကိုလည်းဘယ်သူမှမချစ်ကြဘူး
ဟင့်....ဟင့်...."

"ဖောက ဖောရဲ့သမီးလေးကိုချစ်တာပေါ့
တိတ်တိတ်....မငိုနဲ့တော့တက္ကသိုလ်ကျောင်းသူသာဖြစ်တယ်ကလေးလိုပဲ"

Mewလည်းကလေးဆန်လွန်းသောညီမငယ်
ရဲ့ခေါင်းလေးကိုတစ်ချက်ဖွလျက်မိမိအခန်းထဲဝင်ခဲ့သည်။

ညပိုင်းကလပ်တစ်ခုတွင်အချိန်ပိုင်းအလုပ်
ရှိသည်မို့အနားယူရန်အိပ်ရာပေါ်လှဲချ
လိုက်သည်။
မပြည့်စုံသည့်ဘဝမို့အချိန်ပိုင်းအလုပ်လေး
တွေကသူ့အတွက်အားကိုးရာပင်။

မနက်ခင်းကတွေ့ခဲ့သည့်ချာတိတ်၏ပုံရိပ်ကို
ပြန်မြင်မိတော့သိမ်ငယ်စိတ်တွေဝင်လာရပြန်သည်။

သူတို့မိသားစု၏ပိုင်ဆိုင်မှုအားလုံးပုံ၍ယှဥ်
ရင်တောင်ချာတိတ်တစ်ကိုယ်စာမရှိ။

အရမ်းချမ်းသာပုံရသည့်ချာတိတ်က
ချစ်စဖွယ်မျက်နှာနုနုကိုပိုင်ဆိုင်ထားသေး
သည်။

မင်းကအရာရာပြီးပြည့်စုံတဲ့ဘဝကို
ပိုင်ဆိုင်ထားတာပဲ......။

ရေချိုးပြီးဖြူလွလွတီရှပ်နှင့်ဂျင်းဘောင်းဘီ အပြာနုတစ်ထည်ကိုတွဲဖက်ဝတ်ဆင်လိုက်
တော့ရှင်းသန့်သည့်ရုပ်ရည်ကပြီးပြည့်စုံလျက်။
မှန်ထဲကအရိပ်ကိုကျေနပ်စွာကြည့်လိုက်ပြီး
ဂျာကင်အကျီတစ်ထည်ကိုဆွဲယူကာအိမ်ရှေ့
ထွက်ခဲ့သည်။

အိမ်ရှေ့မှာပန်းပင်တွေကိုရေလောင်းနေတဲ့
မဲ့ရဲ့ပုံရိပ်ကလေးကအေးချမ်းလှသည်။
ဖောကတော့သတင်းစာတစ်စောင်ကိုသဲ
ကြီးမဲကြီးဖတ်နေသည်။

သူလည်းစားသောက်ပြီးတာနဲ့အလုပ်သွားရန်
ပြင်ရသည်။
ဆေးရုံပို့ထားရသည့်သူ့ဆိုင်ကယ်လေးကို
သွားယူရအုံးမည်။
မနက်ခင်းတုန်းကအချိန်ပိုင်းအလုပ်ကိုစက်ဘီးနှင့်သွားခဲ့ရသည်။

"ဖောနဲ့မဲ့ကျွန်တော်သွားပြီ....."

"အေးအေးဂရုစိုက်သွားနော်.....သားကြီး
ဆိုင်ကယ်ကိုဆိုင်ကကောင်လေးလာပို့သွားတယ်...."

 ဒီရင်ခွင်ဆီကြွေဆင်းလှည့်ပါ"ကြယ်"Where stories live. Discover now