ကျောင်းသွားရင်ဒရိုင်ဘာနှင့်သွားရမည်
ဆိုသည့်ဒယ်ဒီ့ကြောင့်အထွန့်မတက်ရဲ။
"မာမီ...သား သွားပြီနော်"
"ကားကိုဂရုစိုက်မောင်းနော်...ကလေးပေါက်စ"
"ဟုတ်ကဲ့ မာမီ...ဖွားရော"
"ညစာစားပြီးပန်းခြံထဲမှာလမ်းလျှောက်နေလေရဲ့....စောစောပြန်လာနော်သားငယ်"
"Yes....မာမီ"
သူမာမီ့နဖူးကိုတစ်ချက်နမ်း၍ထွက်ခဲ့
တော့သည်။
ကျွန်တော်ကလေးမဟုတ်တော့ပါဘူး
မာမီရယ်....ချစ်တတ်နေပြီ....။
ထိုစကားတွေကိုတော့သူရင်တွင်းကနေသာပြောလိုက်မိသည်။
မိဘတွေအတွက်ကတော့သားသမီးဆိုတာအမြဲတမ်းကလေးပါပဲ။
မြတ်နိုးမှုသစ်စေ့ကိုသူ့နှလုံးသားမှာစိုက်ပျိုး
မိမှတော့အချစ်ပင်ပေါက်လာတာဘယ်ဆန်း
မလဲလေ။(20)ဆိုတဲ့အရွယ်ဟာကလေး
ပေါက်စလေးမဟုတ်တော့တာသေချာပါ၏။
💢💢💢💢💢💢💢💢💢💢💢💢💢
Mewတို့မောင်နှမနှစ်ယောက်လည်း
ကျောင်းဆင်းတော့busကားစီး၍အိမ်
ပြန်ခဲ့ကြသည်။
သူတို့အိမ်ရောက်တော့ဖောနဲ့မဲ့ပင်ရောက်
နေလေပြီ။
(မှတ်ချက်:ဖော=အဖေ၊မဲ့=အမေ၊P=အစ်ကို၊
ကျဲ=အစ်မ၊Non=ညီလေးဒီစကားလုံးလေး
တွေကိုကြုံသလိုသုံးသွားမှာပါဆာဝါဒီခ
လောက်ကတော့မပြောတော့ဘူးနော်)
"ဖောနဲ့မဲ့....ဆာဝါဒီခပါ"
သူတို့မောင်နှမလက်အုပ်ချီ၍နှုတ်ဆက်
တော့ဖောနဲ့မဲ့ကပြန်၍နှုတ်ဆက်သည်။
(A/Nထိုင်းလူမျိုးတွေရဲ့ချစ်စရာအမူအကျင့်လေးပါနော်)
"မဲ့......ဘာဟင်းချက်ထားလဲ
ဗိုက်ဆာနေပြီ"
"အကုန်ကျက်နေပါပြီတော်....ဗိုက်ဆာလာ
ပြီလားသမီးလေး"
"ဟုတ်ကဲ့....."
"ကဲအဲ့ဒါဆိုစားဖို့ပြင်လိုက်တော့မယ်.....
သားကြီးရောတစ်ခါထဲစားလိုက်လေ
ညနေအချိန်ပိုင်းအလုပ်ရှိသေးတယ်မလား"
YOU ARE READING
ဒီရင်ခွင်ဆီကြွေဆင်းလှည့်ပါ"ကြယ်"
Part-2(Unicode)🍒🍒🍒
Start from the beginning