Part-2(Unicode)🍒🍒🍒

Start from the beginning
                                        

ည(8:00)နာရီထိုးလို့အိမ်မှာမရှိရင်ငွေကဒ်ကို

သိမ်းတတ်သည်မို့အချိန်မီအိမ်ပြန်ရသည်။

"​ခဏနားပြီးရေချိုးတော့လေ သားငယ်"

"Yes!မာမီညကျရင်အပြင်ထွက်အုံးမှာနော်"

"ဟုတ်ပါပြီ ည(8:00)နာရီတော့ရောက်
အောင်ပြန်ခဲ့ပေါ့ဟုတ်ပြီလားတော်ကြာ
ဟိုတစ်ခါကလိုဖြစ်နေမယ်....."

"ဟုတ်ကဲ့ မာမီ.....မွ..မွ"

သူမာမီ့ကိုနမ်း၍အပေါ်ထပ်မှသူ့အခန်း
ဆီပြေးရသည်။

မာမီပြောမှသူပြန်တွေးမိသည်။
Gunရဲ့မွေးနေ့တုန်းကလေးယောက်သားအပျော်လွန်ပြီးသူအိမ်ပြန်နောက်ကျခဲ့သည်။
ဒယ်ဒီကသူ့ကိုအရမ်းစိတ်ဆိုးပြီးတစ်ပတ်
တိတိအိမ်အပြင်ထွက်ခွင့်မပေး။

သူခဏနားပြီးရေချိုးရန်ပြင်ရသည်။
ရေချိိုးခန်းထဲမှာရေချိုးနေရင်းနဲ့
အတွေးတွေကတစ်စုံတစ်ယောက်ဆီသို့။

ကိုကိုကအချိန်ခဏလေးနဲ့သူ့ကိုပြုစားနိုင်
လွန်းသည်။

မဲနက်သောမျက်ခုံးအောက်ကမျက်ဝန်း
တစ်စုံကညှို့ငင်အားပြင်းလှသည်။

ချွန်ထက်သောနှာတံအောက်ကနှုတ်ခမ်း
ထူထူနဲ့တင်သူရူးဖို့လုံလောက်သည်။

ပြုံးရယ်လိုက်တိုင်းပေါ်လာတတ်သော
ပုလဲရောင်သွားတန်းကလေးများက
မြတ်နိူးဖွယ်အတိ။

​ရေချိုးပြီးတော့အဝါရောင်တီရှပ်ပေါ်မှာ
ကုတ်အကျီတစ်ထည်ကိုလိုက်ဖက်စွာဝတ်ဆင်၍အဖြူရောင်စတိုင်လ်ဘောင်းဘီ
နှင့်တွဲဝတ်လိုက်သည်။

(✝)ပုံစံနားကဒ်တစ်ဖက်က
လူငယ်ပီသမှုကိုဖော်ကျူးလျက်။

များပြားလှသောနဖူးစည်းတွေထဲမှ
ဝတ်စုံနှင့်လိုက်မည်ထင်သည်ကိုရွေး၍
ဝတ်လိုက်သည်။
သူကနဖူးစည်းတွေဝတ်ရတာအရမ်းကြိုက်သည်။

ဖိနပ်စင်မှအဖြူရောင်ရှူးတစ်ရံကိုဝတ်ပြီး
နာရီကိုကြည့်တော့ညနေ(6:00)နာရီ။

အခုလောက်ဆိုလူစုံနေလောက်ပြီ။

ဒရိုင်ဘာနှင့်မသွားချင်တာမို့ကားသော့ကို
လက်ကယမ်းလျက်ခြေလှမ်းတွေကတော့
သူ့အချစ်တော်ပြိုင်ကားလေးဆီသို့ဦးတည်
လျက်။

 ဒီရင်ခွင်ဆီကြွေဆင်းလှည့်ပါ"ကြယ်"Where stories live. Discover now