Part-2(Unicode)🍒🍒🍒

Start from the beginning
                                        

Winရဲ့အစ်ကိုP'SunကBrightကိုတော့
ကြည့်မရ။
သူ့ညီကိုBrightလိုက်နေမှန်းဘယ်ကဘယ်လိုသိသွားသည်မသိ။

ဖြစ်နိုင်တာကတော့သူနဲ့Gunကသူတို့နှစ်
ယောက်ကိုလူရှေ့မရှောင်သူရှေ့မရှောင်
အမြဲတမ်း<စ>နေတာမို့ရိပ်မိသွားတာဖြစ်
မည်။
ထို့အပြင်BrightကWinကိုဆိုရင်
မျက်လုံးထဲမှအသဲပုံတွေထွက်ကျလာ
မတတ်အကြည့်တွေနဲ့ကြည့်လေ့ရှိသည်။

Gunကတော့တစ်ဦးတည်းသောသား
ဖြစ်သည့်အပြင်ရည်းစားများလွန်းသော
ကြောင့်သူ့မိဘတွေကတိုက်ခန်းဝယ်မပေးရဲ။

Gunရဲ့မေမေကသူတို့သုံးယောက်မပါလျှင်ဘယ်ကိုမှမလွှတ်ချင်ပေမဲ့ဟိုအကောင်က
တော့ခိုး၍ထွက်မြဲပင်။

ရည်းစားကလည်းတစ်လတစ်ခါပြောင်းမြဲ။
တစ်ယောက်ကိုအတည်တကျတွဲသည်ဟူ၍မရှိ။

သူ့ကိုအခြားသူတွေကကွယ်ရာမှာ"One month stand"ဟူ၍ပင်ခေါ်ကြသည်အထိ။

"သခင်လေး....ရောက်ပါပြီ"

သူအိမ်ကိုရောက်တော့ညနေ4:00နာရီပင်

ထိုးပြီးပြီဖြစ်သည်။ဒီအချိန်ဆိုဒယ်ဒီနှင့်

အစ်ကိုကတော့ကုမ္ပဏီမှာပဲရှိအုံးမည်။အိမ်

မှာမာမီနှင့်ဖွားဖွားပဲရှိလိမ့်မည်။

"ဟော မြေးလေးတောင်ပြန်လာပြီလာပါအုံး
ဖွားဖွားအနားကို...."

သူ့ကိုမြင်တော့ဧည့်ခန်းထဲမှာထိုင်နေသော
ဖွားဖွားကနှုတ်ဆက်သည်။

"ဖွားဖွား....မြေးကလွမ်းနေတာ"

သူဖွားဖွားရဲ့ပါးနှစ်ဖက်ကိုဘယ်ပြန်ညာပြန်
နမ်း၍ချွဲတော့ဖွားဖွားကအလွန်သဘောကျ
နေသည်။

"မာမီရော......ဖွားဖွား"

"လာပါပြီရှင့် ဒီမှာသားငယ်အတွက်
လိမ္မော်ရည်ဖျော်လာတယ် သောက်လိုက်အုံး"

"ဟုတ်ကဲ့..... "

သူကအိမ်မှာအငယ်ဆုံးဖြစ်ပြီးအားလုံးက
အလိုလိုက်ကြပေမဲ့ဒယ်ဒီကိုတော့ကြောက်ရ
သည်။
ဒယ်ဒီပြန်မလာခင်အပြင်ထွက်ဖို့ပြင်ရမည်။

ဒယ်ဒီကသူ့ကိုလူငယ်တစ်ယောက်

ရသင့်သည့်လွတ်လပ်ခွင့်ကိုပေးထားပေမဲ့

 ဒီရင်ခွင်ဆီကြွေဆင်းလှည့်ပါ&quot;ကြယ်&quot;Where stories live. Discover now