"Bright မင်းစော်ဒေါသထွက်နေတာကြည့်
အုံးခွေးလေးကျနေတာပဲ....."
"အောင်မာ ငါ့ Babyလေးကိုများ....."
"တွေ့မယ်Gulfဒေါသထွက်နေတဲ့ခွေးကဘယ်လိုကိုက်လဲဆိုတာမင်းကိုပြမယ်..."
သူ့ဘဲကို မထိန်းနိုင်သောBrightကို
မျက်စောင်းထိုးရင်းခြေဦးတည့်ရာပြေးရ
သည်။Win Metawinရဲ့ဒေါသကိုသူတို့
တဖွဲ့လုံးသိသည်။မစဘဲမနေနိုင်တော့လည်း
ပြေးရအုံးမှာပေါ့.....။
လျှပ်တပြက်ဆိုသလို
ခဲတစ်လုံးကိုခလုပ်တိုက်မိကာရှေ့မှာသွား
နေသောလူတစ်ယောက်၏ခါးကိုဖက်မိ
သွားသည်။အရှက်တွေတော့ကွဲပါပြီ....။
လှည့်ကြည့်လာသောထိုသူ၏မျက်နှာကို
မြင်လိုက်ရချိန်မှာတော့သူ့နှလုံးသားတစ်ခု
လုံးနွေးထွေးသွားလေတော့သည်။
ချောရက်လိုက်တာ.....။အင်ဂျင်နီယာဝတ်စုံ
ကိုစမတ်ကျစွာဝတ်ဆင်ထားပြီးတည်ကြည်
သောမျက်နှာထားကအေးချမ်းမှုအပြည့်။
ဝါဝင်းသောအသားအရေနဲ့ချောမောသော
မျက်နှာအပြင်ယောကျ်ားပီသသောခန္ဓာကိုယ်
အချိုးအစားရှိသူကသူ့ကိုပြုံး၍ကြည့်နေ
သည်။မြင်မြင်ချင်းအချစ်ကိုမယုံကြည်ပေမဲ့
လက်ခံရတော့မည်။
သူ...တကယ်ကိုချစ်မိသွားပြီဖြစ်သည်။
"အရမ်းဆော့တာပဲ ချာတိတ်ခလုတ်တိုက်
ပြီးလဲကျရင်ဘယ်လိုလုပ်မလဲ....."
သူ့မျက်ဝန်းတွေကိုတည့်တည့်စိုက်ကြည့်ပြီး.
ပြောလိုက်တဲ့လူကြီးကြောင့်ရင်ခုန်သံတွေ
မြန်လာတော့သည်။
"ဟို.....ကျွန်တော်တောင်းပန်ပါတယ်အစ်ကို"
"ရပါတယ် အစ်ကိုသွားပြီနော်....."
"ဟုတ်ကဲ့......"
"P'Mew...."
"ဪ Non(ညီလေး)Win. ..."
"ဒီဌာနကိုဘာလို့လာတာလဲခင်ဗျ...."
"P(အစ်ကို) ရဲ့ညီမလေးကိုလိုက်ပို့တာလေ...
သူလည်းအနုပညာမေဂျာကပဲ....."
"ဪ...သူနဲ့မိတ်ဆက်ပေးအုံးလေ...."
"နောက်မှပေါ့ အခုတော့နောက်ကျနေလို့
အစ်ကိုသွားတော့မယ်...."
"ဟုတ်ကဲ့ခင်ဗျ..... "
တရွေ့ရွေ့သွားနေသောကျောပြင်ကျယ်ကို
ငေးကြည့်ရင်းမြတ်နိူးစိတ်ကိုထိန်းမရ။ချစ်
မိသွားပြီ လူကြီးရယ်.......။
အတွေးနဲ့ကြည်နူးနေတုန်းအင်ကျီလည်ကုပ်
ကနေဆွဲလိုက်တဲ့Winကြောင့်အတွေးစတို့
လွင့်ပြယ်သွားရသည်။သူငယ်ချင်းဆိုသည်
မှာအလိုက်ကန်းဆိုးမသိသောသတ္တဝါဖြစ်
သည်ဟုသာသတ်မှတ်လိုက်မိသည်။
"လာခဲ့ ကျောင်းတက်ချိန်နီးပြီ "
သူငယ်ချင်း နှစ်ယောက် တစ်ယောက်ပခုံးကို
တစ်ယောက်ဖတ်ပြီးအတန်းထဲဝင်ခဲ့ကြ
သည်။
Win Metawinနဲ့အသိဆိုတော့ဒီလူ
ကြီးဟာကိုယ့်လက်ခုပ်ထဲကရေပဲ။
"ကိုကိုဟာ သေချာပေါက်ကျွန်တော့်ချစ်သူ
ဖြစ်လာစေရမယ်"
အတန်းထဲကိုရောက်တော့ပထမဆုံးနေ့မို့
အချင်းချင်း မိတ်ဖွဲ့ကြရုံနှင့်အချိန်ကုန်သွား
သည်။Gulfတစ်ယောက်ကတော့နှလုံးအိမ်
ထဲတွင်စွဲထင်နေသောပုံရိပ်ကလေးကိုသာ
မြင်ယောင်နေမိတော့သည်။ကျေးဇူးပြု၍
လူကြီးမှာ......ပိုင်ရှင်မရှိပါစေနဲ့။
✴🎀✴🎀✴🎀✴🎀✴🎀✴🎀✴🎀✴
စာဖတ်သူတွေကိုအစဥ်လေးစားလျက်
Author=ရှင်းသန့်
YOU ARE READING
ဒီရင်ခွင်ဆီကြွေဆင်းလှည့်ပါ"ကြယ်"
Part-1(Unicode)🍒🍒🍒
Start from the beginning