Part-1(Unicode)🍒🍒🍒

Start from the beginning
                                        

ဖုန်းထဲကစောက်အတွဲရဲ့အသံကြောင့်
နှာခေါင်းရှုံ့မိသွားတယ်။ဖုန်းပြောနေချိန်မှ
အားမနာအချစ်စမ်းနေကြသေးတယ်...။

စိတ်လေတယ်....ဒင်းတို့နဲ့တော့။

"ဟိုကောင်ရော ရောက်နေပြီလား....."

"ငါတို့အတွဲပဲရောက်သေးတာ....."

"ဘောကိုအတွဲလား...ငါ့ကိုထိကပါးရိကပါး
လုပ်နေတာတွေခုရပ်စမ်းBright...."

"အေးအေး လွတ်လွတ်လပ်လပ်အချစ်စမ်း
ကြငါဖုန်းချလိုက်ပြီ...."

အခုချိန်လောက်ဆိုဟိုကောင်Brightတော့
Winလိုက်ရိုက်လို့ပြေးနေရလောက်ပြီ...။
သူတို့သူငယ်ချင်းလေးယောက်အထက်တန်း
​ပြီးလို့ကမ်းခြေကိုပျော်ပွဲစားထွက်တုန်းက
Brightသည်Winကိုရိုဆန်ဆန်ဖွင့်ပြောခဲ့
သည်။Winကတော့အဖြေမပေးသေး။

အမောင်Gunကတော့အခုချိန်ထိ
ပွေတုန်းရှုပ်တုန်း။အရပ်ပုပုလေးနဲ့ချစ်စဖွယ်
မျက်နှာလေးကိုပိုင်ဆိုင်ထားသည့်Gunရဲ့
​ဘေးမှာဘဲတွေတစ်ယောက်ပြီးတစ်ယောက်။

စီနီယာအစ်မတစ်ယောက်ကိုမေးပြီးအနုပညာဌာနရှိရာသူရောက်လာတော့မြင်လိုက်ရပါပြီသူငယ်ချင်းသုံးယောက်ကို။
သူတို့ထိုင်နေတဲ့အပင်အောက်ကခုံတန်း
ရှိရာသူသွားလိုက်သည်။

"ဟျောင့် ဒါကျောင်းနော်ရှုတင်မဟုတ်ဘူး
......"

မိမိုက်နေသောသူ့ဒီဇိုင်းကိုကြည့်ပြီးပြော
လိုက်သောGunကိုလက်ခလယ်ထောင်ပြ
လိုက်တော့ကျောပြင်ကိုဗြောတင်ခံလိုက်
ရသည်။

"မင်းက ဘယ်တုန်းကရောက်တာလဲ...."

"ဒီအတွဲ ကြည်စားနေတုန်းက...."

"ဟျောင့် Gunမင်းဘာစကားပြောတာလဲ..."

"Brightမင်းဘဲကိုထိန်းအုံးငါ့ကိုလိုက်ထုတော့မယ်...."

ဘယ်အချိန်ကတည်းက အသားယူချင်
နေမှန်းမသိသောBrightကWinကိုနောက်
ကျောကနေသိုင်းဖက်ထားလိုက်သည်။

Winရဲ့မျက်နှာကတော့ဒေါသထွက်လွန်း
လို့ရဲနေပေတော့သည်။သူတို့နှစ်ယောက်
စတိုင်းBrightကသာကြည်နူးနေတတ်ပြီး
Winကတော့ရှက်ရှက်နှင့်လိုက်ရိုက်လေ့ရှိ
သည်။

 ဒီရင်ခွင်ဆီကြွေဆင်းလှည့်ပါ"ကြယ်"Where stories live. Discover now