5ပေ9လက်မရှိသောအရပ်ကိုပိုင်ဆိုင်ထား
ပြီးဖြူဝင်းသောအသားအရေရှိသည့်သူ့
မျက်နှာအစိတ်အပိုင်းတိုင်းကအနာအဆာ
မရှိပြီးပြည့်စုံလွန်းလှသည်။

ပုံကျလှတဲ့ဆံပင်ကေနဲ့ကျောင်းယူနီဖောင်းက
လိုက်ဖက်လွန်းသည်။ညာဘက်နားမှာစိန်
နားကပ်တစ်ဖက်ကိုအထာကျကျဝတ်ဆင်
ထားပြီးဖြူဝင်းသောလည်တိုင်မှာလည်းစိန်
ဆွဲကြိုးမျှင်မျှင်လေးကကျော့ရှင်းစွာနေရာ
ယူထားသည်။

ကျောပိုးအိတ်ကိုလက်တစ်ဖက်ထဲလွယ်
ထားသောသူ့စတိုင်လ်ကမြင်သူမိန်းမသား
တိုင်းအရည်ပျော်ချင်စရာ။

ဘယ်ဘက်လက်ကောက်ဝတ်မှာစိန်ပွင့်လေး
တွေချယ်ထားသည့်Rolexနာရီအပြင်
လက်ချောင်းသွယ်လေးတွေမှာအရမ်းလှတဲ့
လက်စွပ်သုံးကွင်းကဖိတ်ဖိတ်တောက်လျက်။

ညာဘက်လက်ကောက်ဝတ်မှာတော့ရွှေနှင့်
ပလက်တီနမ်ကိုလိုက်ဖက်စွာပုံဖော်ထားသည့်
ဟမ်းချိန်းတစ်ကွင်း။

ကျောင်းကိုရောက်ရောက်ချင်းအနုပညာ
ဌာနကိုလိုက်ရှာရသည်။သူနဲ့မေဂျာတူတဲ့
Bright Winနဲ့Gunတို့သုံးကောင်ကိုအရိပ်
အယောင်တောင်မမြင်ရ။

သူတို့သူငယ်ချင်းလေးယောက်က
အထက်တန်းမှာကတည်းကအတွဲညီခဲ့ကြတာ
ဖြစ်သည်။ ဝါသနာတူတွေလည်းဖြစ်ကြ
တာမို့အနုပညာမေဂျာကိုယူဖြစ်ခဲ့ကြသည်။
သူတို့လေးယောက်စလုံးကချမ်းသာတဲ့
အပြင်ရုပ်ရည်တွေကလည်းအပျံစားတွေဖြစ်သည်။

သူတို့အဖွဲ့ထဲမှာအရပ်အပုဆုံးနဲ့ရည်းစား
အများဆုံးကGun။Brightနဲ့Winကတော့
အတွဲမဟုတ်သေးတဲ့အတွဲ။(Brightကဖွင့်
ပြောထားသော်လည်းအမောင်Winကမူနေ
ခြင်း)။ရေမရောတဲ့Singleစစ်စစ်ကတော့
ကျွန်တော် Gulf(😜😍😛)။

"Ring.... Ring.... 🎵🎵🎵"

"Ring....Ring....🎵🎵🎵"

အက်ျီ​အိတ်ကပ်ထဲမှဖုန်းမြည်သံကြောင့်
ကြည့်လိုက်တော့ ကျေးဇူးရှင်Bright။

"Hello....my son? "

"ဘောကိုmy sonဘယ်မှာသေနေတာလဲ
ငါတို့ကရောက်နေတာကြာပြီငါ့အသဲလေး
Winတောင်ရောက်နေပြီ....."

"မသာကောင် Brightဘယ်သူကမင်းအသဲလေးလဲ....."

"အခုပဲပြောထားတာကိုထပ်ကြားချင်လို့လားBaby Winလေးရဲ့....."

 ဒီရင်ခွင်ဆီကြွေဆင်းလှည့်ပါ"ကြယ်"Место, где живут истории. Откройте их для себя