Part-1(Unicode)🍒🍒🍒

Mulai dari awal
                                        

သူအထက်တန်းပြီးလို့တက္ကသိုလ်စတက်
ကတည်းကအချိန်ပိုင်းအလုပ်များလုပ်ပြီး
မိသားစုတာဝန်ကိုတဖက်တလှမ်းမှကူပေး
ခဲ့သည်။ ညီမလေးကိုတော့ကျောင်းစာ
လစ်ဟင်းမှာစိုးတာကြောင်အိမ်မှုကိစ္စမှလွဲ
၍ဘာအလုပ်မှမလုပ်စေခဲ့ပါ။

"ကိုကို ပြန်လာပြီလား....ညီမလေးက
ကျောင်းသွားဖို့အဆင်သင့်ဖြစ်နေပြီ"

"ကိုကို့အိတ်ပါယူထားတာပဲ တက္ကသိုလ်
တက်ရမှာသိပ်စိတ်လှုပ်ရှားနေပြီပေါ့"

သူတို့မောင်နှမနှစ်ယောက်လည်းbusကား
ဂိတ်ကိုထွက်လာခဲ့ကြသည်။

ဖော(အဖေ)နဲ့အမေကတော့အခုချိန်ဆိုင်မှာပဲရှိအုံးမှာမို့ထုံးစံအတိုင်းအိမ်ကိုသော့ခတ်ခဲ့ကြသည်။
ဖောနဲ့မဲ့ဆီမှာလည်းအိမ်သော့အပိုရှိသည်
လေ။

သူတို့စီးရမည့်Busကားရောက်လာတော့
ညီမငယ်၏လက်ကိုဆွဲပြီးကားပေါ်တက်ခဲ့
သည်။သူ့ညီမအလှပဂေးလေးကိုငမ်းနေ
သညိ့ဘဲတစ်သိုက်ကိုစူးစူးစိုက်စိုက်ကြည့်
​ပေးလိုက်မှအကြည့်လွှဲသွားကြသည်။

အမှတ်တမဲ့မှန်ပြတင်းမှအပြင်ဘက်ကို
ကြည့်မိတော့အဖြူရောင်နှင့်အနက်ရောင်
ကိုလိုက်ဖက်စွာပုံဖော်ထားသောကားတစ်
စီးကိုတွေ့လိုက်ရသည်။ကားကိုကြည့်ပြီး
limitedနှင့်ထုတ်သည့်ကားမှန်းသိလိုက်
ရသည်။သူတောင်လိုင်းပေါ်မှာတွေ့လို့ပုံ
Saveထားသေးသည်။

အိပ်မက်တွေကတစ်နေ့ဖြစ်လာမည်
ဆိုတာသူယုံကြည်တယ်။

🌀♥🌀♥🌀♥🌀♥🌀♥🌀♥🌀

"သခင်လေး ကျောင်းကိုရောက်ပါပြီ...."

ကားတံခါးကိုဖွင့်ပေးရင်းပြောလိုက်တဲ့
ဒရိုင်ဘာရဲ့အသံကြောင့်မှိတ်ထားသော
မျက်လုံးအစုံကိုသူဖွင့်လိုက်သည်။

သူဆိုတာက"Kanawut "အိမ်တော်ရဲ့
သခင်လေးGulf Kanawut ။ခေါင်းအစ
ခြေအဆုံးမာမီဆင်ပေးသည့်Branded
တွေကြောင့်မိုးကျရွှေကိုယ်ပမာ။

Kanawut ဆိုတာထိုင်းနိုင်ငံရဲ့
စီးပွားရေးလောကမှာTop-1နေရာမှာရပ်
တည်နေသည့်ကျောက်မျက်ကုမ္ပဏီတစ်ခု
ဖြစ်သည်။

 ဒီရင်ခွင်ဆီကြွေဆင်းလှည့်ပါ"ကြယ်"Tempat cerita menjadi hidup. Temukan sekarang