Part-1(Unicode)🍒🍒🍒

Start from the beginning
                                        

အဝါနုရောင်ရှပ်လက်ရှည်ကိုအနက်ရောင်
စတိုင်လ်ဘောင်းဘီနှင့်တွဲဖက်ဝတ်ဆင်ထားသောMewကနတ်သားတစ်ပါးလိုချောမော
လွန်းလှသည်။

သို့ပေမဲ့ အခုချိန်ထိသူ့မှာချစ်သူမရှိသေးတာ
တော့အမှန်ပင်။
သူလည်းလူတွေပြောကြတဲ့အချစ်ကိုတွေ့ချင်ပါသည်။
ခက်တာကအခုချိန်ထိသူ့ရင်ထဲအသဲစွဲအောင်ချစ်ရမည့်သူမတွေ့ရသေး။

သူအရွယ်ရောက်လာစကနေအခုအသက်
(24)နှစ်အရွယ်အထိရည်းစားတစ်ယောက်
သာထားဖူးသည်။အဲ့ဒီရည်းစားနဲ့တွဲပြီးမှာ
ပဲသူသိခဲ့ရတယ်။"သူ မိန်းကလေးတွေကို
မကြိုက်ဘူး"ဆိုတာ......။

"Sky cafe"သူအချိန်ပိုင်းအလုပ်လုပ်တဲ့
ဆိုင်ပေါ့။ဆိုင်ရှင်အကိုနဲ့အမကအရမ်း
သဘောကောင်းပြီးသူ့ကိုလည်းချစ်ကြ
သည်။သူအလုပ်လုပ်တဲ့အချိန်ကစပြီး
သူတို့ဆိုင်လည်းပိုပြီးအောင်မြင်လာခဲ့တယ်။ Mewရဲ့ရူပါကြောင့်မဒီတွေကဆိုင်ထဲမှာ
ပြတ်သည်ဟူ၍မရှိ။

"ဟော"Mew"လာပြီ...."

"ဟုတ်ကဲ့"ကျဲ"(အစ်မ)Lin....."

"Customer တွေတောင်သိပ်မကျသေးဘူး
စောတယ်နော် အိပ်ရေးဝရဲ့လား..... "

"ဟုတ်ကဲ့....P(အစ်ကို)Jooရော
မမြင်ပါလား......"

"ဆိုင်အတွက်လိုအပ်တာတွေသွားဝယ်နေ
တယ်....."

Mewလည်းဆိုင်မှခုံတွေစားပွဲတွေကိုသန့်
ရှင်းရေးလုပ်နေလိုက်သည်။သူကစားပွဲထိုး
ဆိုတော့customerတွေရဲ့အသံကိုလည်း
နားစွင့်ရသေးသည်။

"Ice-expressoတစ်ခွက်ရှင့်....."

"ဟုတ်ကဲ့ခင်ဗျ..... "

"ဒီဘက်ဝိုင်းကိုလည်းLatteကော်ဖီနှစ်ခွက်
နဲ့ပဲပေါက်ဆီတစ်ပွဲပေးပါခင်ဗျ...."

"ရပါမယ် ခင်ဗျ....."

ဒီလိုပဲcustomerတွေကိုဝန်ဆောင်မှုပေးရင်း
သူ့အိမ်ပြန်ချိန်ပင်ရောက်လာပေပြီ....။
အိမ်နဲ့ကျောင်းကသိပ်မဝေးတာမို့သာအချိန်ပိုင်းလုပ်ချိန်ရှိတာဖြစ်သည်။

ဖော(အဖေ)နဲ့မဲ့(အမေ)ကတော့ရပ်ကွက်
ဈေးထဲမှာသစ်သီးဆိုင်လေးဖွင့်ထားသည်။
သူအချိန်ပိုင်းအလုပ်လုပ်တာကမပြည့်စုံ
တဲ့သူတို့မိသားစုမှာတက္ကသိုလ်ကျောင်းသား
နှစ်ယောက်ရှိနေခြင်းကြောင့်ဖြစ်သည်။

 ဒီရင်ခွင်ဆီကြွေဆင်းလှည့်ပါ"ကြယ်"Where stories live. Discover now