ကလင် ( Bell ring )

Bellသံကြားရပုံထောက်တော့ အဲ့တစ်ယောက်ဝင်လာပြီထင်။အကို Seokjinက လှမ်းပြီးနှုတ်ဆက်နေပေမယ့် ကျောပေးထားတဲ့ကျွန်တော်ကတော့ လက်ထဲကရေခွက်ကိုသာတင်းတင်းကိုင်ထားမိပြန်တယ်။လှည့်တောင်မကြည့်ရဲပါ။

"ဒီတစ်ယောက်ကကော ဘယ်သူလဲ Hyung မိတ်ဆက်ပေးဦးလေ"

ဟင် ယောက်ျားလေးအသံ ပြီးတော့ ဒီဩရှရှအသံ မဟုတ်မှ

" Taehyung..."

လှည့်ကြည့်‌မိတော့ ရွှေရောင်ဆံပင်တွေ မြင်တွေ့နေကြထပ် ဖြူဖျော့လာတဲ့အသားအရေ ။ ဒါပေမယ့် ကျွန်တော်မမှားပါ ဒါ ကျွန်တော့်အချစ်ဆုံး Taehyung

"Jimin.... Jimin မင်းလား သူငယ်ချင်း မတွေ့ရတာကြာလှပြီကွာ ငါမင်းကိုလွမ်းနေတာကွ"

ပြောရင်းဆိုရင်း ပြေးဖက်လာတဲ့ Taehyungကြောင့် ကျွန်တော့်မှာအင့်ခနဲ။လွမ်းတာဆိုတဲ့စကားကို အံကြိတ်ပြောတော့ သူကျွန်တော့်ကို ဘယ်လောက်လွမ်းနေလည်း ပိုသိသာလာသလို ခံစားရသည်။

"အချင်းချင်းသိနေကြတာလား မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်တယ်"

"ဟုတ်‌တယ် Seokjin Hyung ။ ဒါကျွန်တော့်ကျောင်းတုန်းကသူငယ်ချင်း အချစ်ဆုံးသူငယ်ချင်း။‌နောက်နေ့ကျသူ့ကိုလိုက်ရှာမယ်တောင်တွေးနေတာ အခုတော့ ရှာတွေ့ပြီ"

အကို ‌Seokjinအမေးကို ပြန်ဖြေတဲ့ Taehyungအသံမှာ ပျော်ရွှင်မှုတွေကအပြည့်မို့ အကုန်လုံး ပြုံးရယ်နေကြသည်။

အကိုကကော....

အကိုကတော့ ကျွန်တော်တို့ကိုပြုံးပြီး နွေးနွေးထွေးထွေးကြည့်နေလေရဲ့။

--------------------------
----------------------------------------------------

ညစာစားသောက်ကြရင်း ရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြောဖြစ်ကြတော့ ညစာစားပွဲကပျော်စရာကြီးပင်။ပွဲတစ်ဝက်လောက်ရောက်မှ အကိုတစ်ယောက်ထပ်ရောက်လာသည်။

Jung Hoseokတဲ့ ။ အကို Hoseokပေါ့။ ဒီအကိုလည်းခင်ဖို့ကောင်းသည်ပင်။တက်တက်ကြွကြွနှင့်ဖြစ်သည်။အကိုတို့အဖွဲ့ကရယ်စရာတွေပြောရင်း နွေးနွေးထွေးထွေးပျော်စရာကောင်းကြသည်။

As you wishWhere stories live. Discover now