Part-1(Zawgyi/Unicode)

Start from the beginning
                                    

ရိပေါ်ကုမ္မဏီမှာဘယ်လောက်ပင်ပန်းနေပါစေအိမ်ရောက်ရင်စကားတတ်တဲ့သားသားနဲ့အပြုံးချိုချိုးလေးပေးတတ်သည့်ကျန့်ကြောင့်သူမှာပင်ပန်းတယ်လို့မရှိဘေးမှာထိုင်နေသည့်ကျန့်ကိုပြုံးပြလိုက်သည်။

"ထမင်းစားရအောင်လေ"

"အင်း"

ရိပေါ်သားကိုပွေ့ပြီထမင်းစားခန်းထဲဝင်သွားသည်။ထမင်းဝိုင်းတွင်ဟင်းများကသူ့အကြိုက်တွေသားသားနဲ့သူကအကြိုက်ချင်တူသည်။

"အာ..."

"အာ...."

ရှောင်းကျန့်ကသားသားကိုထမင်းခွံ့ကျွေးနေသည်။

"ကျန့်လဲစားအုံးလေး"

အင်းသားကိုကျွေးပြီမှစားမယ်သားသားကခွံ့ကျွေးမှများများစားတာ

"အင်း"

ရိပေါ်အင်းလို့သာဖြေလိုက်သည်ဟုတ်ပါတယ်သားသားကခွံ့ကျွေးမှများများစားသည်သူ့ဘာသာဆိုကလေးသဘာဝထမင်းကိုဆော့တာနဲ့ဟင်းများများစားတာနဲ့သားကဗိုက်မပြည့်ခွံ့ကျွေးတာတောင်ကျန့်ခွံ့ကျွေးမှစားသည်။

ရှောင်းကျန့်သားဗိုက်ဝသွားမှသူစားသည်။သားကသူ့ဘာသာဆိုထမင်းသိပ့်မစားလို့ကိုယ်တိုင်ကျွေသည်။မနက်ဖြန်ကစလို့သားကိုကိုယ်တိုင်ထမင်းများများစားဖို့အကျင့်လုပ်ရမယ်။

ထမင်းစားပြီရိပေါ်နဲ့သားသားကခြံထဲတွင်အစားကြေအောင်လမ်းလျှောက်သည်။ရှောင်းကျန့်အသီးခွဲကာဧည့်ခန်းကစားပွဲပေါ်တင်ပြီခြံထဲသွားကာ

"သားသားနဲ့ကိုအသီးခွဲထားတယ်စားရအောင်"

ရိပေါ်ကသားလက်ကိုဆွဲကာဧည့်ခန်းပြန်လာပြီထိုင်သည်။သုံးယောက်သာTV  ကြည့်ရင်အသီးစားနေသည်။ရှောင်းကျန့်ကရိပေါ်ကိုခိုးခိုးကြည့်နေသည်ဒါကိုသတိထားမိသည့်ရိပေါ်က

"ကို့ကိုပြောစရာရှိလို့လား"

"ဟို... "

"အင်း.. ပြောလေကျန့်"

"ဟို.. မနက်ကိုအားလားအိမ်မှာလိုအပ်တာတွေသွားဝယ်ချင်လို့ပြီတော့.."

ရှောင်းကျန့်ကဆက်မပြောပဲသားသားကိုကြည့်လိုက်သည်။သားသားကမျက်လုံးဝိုင်းဝိုင်းလေးနဲ့ရိပေါ်ကိုတစ်လှည့်ရှောင်းကျန့်ကိုတစ်လှည့်ကြည့်နေသည်။

ချစ်သောကျန့် (ချစ်သောကျန့်) Completed ✔Where stories live. Discover now