ကြယ်သီးတွေအကုန်ဖြုတ်လိုက်တော့Babyရဲ့ပေါ်လာတဲ့အတွင်းသားလေးတွေကဖြူဝင်းစွာ...ရင်ဘတ်ဟလေးနဲ့ရင်ဘတ်မပေါ်တပေါ်ဖြစ်နေတဲ့BabyလေးကSexyဆန်ဆန်လှပနေလေသည်။

ချစ်ရသူလေးရဲ့Sexyဆန်ဆန်လှပနေမှုကြောင့်VEEမျက်လုံးတောင်အကြည့်မခွာနိုင်...

"ကို..ကိုကြယ်သီးတပ်တော့လေ"

Vaselလေးမိမိရဲ့ရင်ဘက်ကိုပေါက်ထွက်မတက်ကြည့်နေတဲ့ကိုကို့အားအောက်နှုတ်ခမ်းလေးအားဖိကိုက်ရင်းအရှက်သည်းစွာပြောမိသည်။

"Baby..."

ရီဝေတဲ့အကြည့်တွေနဲ့မော့ကြည့်လာပြီးဆွဲဆောင်အားပြင်းတဲ့အသံနဲ့ခေါ်လာတာကြောင့် Vaselလေးကြက်သီးများပင်ထလာရသည်။

"ဗျာ...."

"Babyရင်ဘက်လေးကိုကိုကိုကိုင်ကြည့်လိုက်ရမလား"

"ဟမ်..!"

ကြားလိုက်ရတဲ့စကားကြောင့်မျက်နှာကိုရေနွေးပူနဲ့ပက်ခံလိုက်ရသလိုပူခနဲခံစားလိုက်ရသည်။

*ကိုကိုကလည်းဘယ်လိုစကားကြီးပြောလိုက်တာလဲ*

"အာ...Babyဘာသာကြယ်သီးတပ်လိုက်တော့နော်ကိုကိုအပြင်မှာစောင့်နေမယ်"

VEEသူ့ကလေးလေးအဆင်မပြေဖြစ်နေတဲ့ပုံလေးကြောင့်စိတ်မနည်းထိန်းကာသူ့ကလေးလေးအားကျောခိုင်းလိုက်ပြီးအခန်းအပြင်ဘက်ထွက်သွားလေသည်။

"ကိုကိုကစိတ်ဆိုးသွားတာလား...ကိုကိုစိတ်ဆိုးရင်လည်းဆိုးချင်စရာပဲလေ...ငါကိုကအရှက်အကြောက်ကြီးနေတာ...ကိုကိုလည်းအသွေးအသားနဲ့တည်ဆောက်ထားတဲ့သူပဲကို..."

Vaselလေးကြယ်သီးများအားအလျှင်အမြန်တပ်ပြီးသူ့ကိုကိုစိတ်ဆိုးသွားပြီအထင်နဲ့နောက်ကအမြန်လိုက်ချော့ရန်ပြင်ရတော့သည်။

တံခါးဖွင့်လိုက်တော့အခန်းအပြင်ဘက်မှာရပ်စောင့်နေတဲ့ကိုကို့ကိုတွေ့လိုက်ရတာကြောင့်

"ကိုကို..."

"Babyလေးဘာတောင်းဆိုမို့လဲပြောလေ"

"...."

Vaselလေးကိုကို့ရဲ့အမေးကိုပြန်မဖြေမိပါကိုကို့မျက်လုံးထဲစိတ်ဆိုးခြင်းဆိုတဲ့အငွေ့အသတ်လေးတွေဝင်ရောက်နေမလားဆိုတာကိုပဲသိချင်နေတာကြောင့်အသည်းအသန်လိုက်ရှာနေမိသည်။

The little king of the vampireWhere stories live. Discover now