အပိုင်း ၄ / အပိုင္း ၄

Bắt đầu từ đầu
                                    

ဒီကောင်..ငယ်ငယ်လေးနဲ့ တော်တော်ပညာစုံတဲ့ကောင်။

"ကလေးကသာ သူ့ကို ကိုကိုဆိုပြီး ခင်တွယ်နေတာ။ဒင်းက ကလေးကိုဆို ဟိန်းလား၊ဟောက်လားနဲ့"

အတိုင်အဖောက်ညီနေသည့် နှစ်ယောက်ကို ဆော့ဂျင်ရှင်းပြချင်စိတ်မရှိတော့။

"အဘွား မသိဘူးနော်..ဒီကောင့်အကြောင်း"

"ဟိဟိ...."

"ရယ်မနေနဲ့..မင်းကို ငါသတ်ပစ်ချင်တယ်"

ပါးစပ်ကသာ ကြိမ်းဝါးနေသော်လည်း တကယ်တမ်းတော့ ထိုကောင်စုတ်လေးကို လက်ဖျားနှင့်တော့မထိရ​သေး။အဘွား အလစ်မှ အားရပါးရ ဆော်မည်ဟု ဆော့ဂျင်က စိတ်ကူးထားသည်။

"တောက်!!တွေ့မယ် မင်းတော့"

လက်သည် တရားခံကတော့ မည်သည့်အပြစ်မှ လုပ်မထားသလို မသိချင်ယောင်ဆောင်ကာ ထမင်းစားပွဲ​ဘေး ကားယားခွပြီး တနင့်တပိုး လွေးတော့သည်။

"ခုနေ လာစားနော်။မစားရင် ကျွန်တော် အကုန်စားပစ်မှာ"

မီးစနည်းနည်းရှို့လိုက်ရမှ ကျေနပ်ပီတိဖြစ်သော ဂျွန်ဂျောင်ကုသည် တမြေ့မြေ့လောင်မြိုက်နေသည့် ဆော့ဂျင်၏ ဒေါသမီးကို လေအနည်းငယ်ပင့်ပေးလိုက်သည်။

"စားကွာ မင်းဘာသာ ထမင်းဟင်းတွေစားတာ အားမရလို့ ပန်းကန်တွေကိုပါ မျို,မျို"

ကြာကြာဆက်နေလျှင် ထရိုက်ချင်စိတ်ပေါက်လာမည်ဖြစ်ရာ စိတ်ကိုထိန်းသည့် အနေဖြင့် အခန်းထဲဝင်တော့မည်ဟု ဆော့ဂျင် ဆုံးဖြတ်လိုက်သည်။

"ဒုန်း.."

အခန်းတံခါးကို ခပ်ကြမ်းကြမ်း  ဆောင့်ပိတ်သံနှင့်အတူ ဂျောင်ကု၏ မထိတရိကလိသည့် အသံကလည်း ထပ်ချပ်မကွာ ထွက်ပေါ်လာသည်။

"ခဏနေဦး..ပြီးမှ ထမင်းစေ့နဲ့ ရိတ်ပြီးသားနှုတ်ခမ်းမွှေးတွေ ပြန်ကပ်ပေးမယ်"

❁ ~ ❁ ~ ❁

နေ့လည်ရောက်သည်အထိ အခန်းအောင်း ကိုယ်တော်သည် အပြင်သို့ ခြေတစ်လှမ်းမှ ထွက်မလာပါ။အတော်လေး စိတ်ဆိုးနေပုံရသည်။မနေ့က မိမိခေါင်းကို ထုလိုက်သည့်ကိစ္စကြောင့်ရော ၊ ထိုနှုတ်ခမ်းမွှေးတိုစိစိလေးတွေကို အသည်းယားတာကြောင့်ရော စ နောက်ပြီး တိတ်တိတ်လေး ခိုးရိတ် ပေးလိုက်တာဖြစ်သည်။

မင်းသားလေးရဲ့ ဖူးစာရှင်  || JINKOOK ✓Nơi câu chuyện tồn tại. Hãy khám phá bây giờ