"အဆင်ပြေရဲ့လားဆိုတာ....အလုပ်ကိုပြောတာလား....ကျွန်တော့်အခြေအနေကိုပြောတာလား..."

"နှစ်ခုလုံး...."

ဒီမိုနှင့်မျက်နှာချင်းဆိုင်နေရာမှ ပြတင်းပေါက်ဆီမျက်နှာလှည့်သွားသည် ။ ကုတင်အားလက်နှစ်ဖက်နှင့် နောက်ပြန်ထောက်ကာ ခြေထောက်နှစ်ဖက်အား လွှဲကစားနေသည့်ဇွဲမာန်ပိုင်ကို ဒီမိုငေးကြည့်နေမိသည်။

"အလုပ်ဆိုရင်တော့....အဆင်မပြေလို့မှမရတာဗျာ....လူဆိုရင်တော့ မပြေဘူးဗျာ...."

ဒီမို့စကားအဆုံး ဂရုဏာဆန်သည့် ဇွဲမာန်ပိုင်၏မျက်ဝန်းများ ဒီမို့ထံကျရောက်လာသည် ။

"ဒီမှာ လုပ်နေတာဘယ်လောက်ကြာပီလဲ...."

"သဘက်ခါ သုံးလပြည့်ပြီ...."

ခေါင်းတညိမ့်ညိမ့်လုပ်ကာ ဇွဲမာန်ပိုင်၏မျက်လုံးများသည် တစ စလွင့်နေသည့် ကန့်လန့်ကာဆီရောက်သွားပြန်သည် ။

"ကိုသာ.....မင်းကိုစောစောရှာတွေ့ခဲ့ရင်းကောင်းမှာ"

"မဟုတ်ဘူးကိုဇွဲ....ခင်ဗျားသာ ဒီနေရာကိုမလာခဲ့ရင်...ဒါမှမဟုတ်....ကျွန်တော်သာဒီမှာမလုပ်ခဲ့ရင် ကျွန်တော့်တို့တွေ့ရမှာမဟုတ်ဘူး... တွေ့သင့်တဲ့လူနဲ့ တွေ့ချိန်တန်မှ တွေ့ရတာဓမ္မတာပဲလေ...."

ဒီမို၏စကားအဆုံး ဇွဲမာန်ပိုင်၏နှုတ်ခမ်းများ အနည်းငယ်တွန့်ကွေးသွားပေမယ့် မျက်ခုံးတန်းများအား တွန့်ချိုးထားသေးသည်။

"အွန်းပါလေ....."

"ခင်ဗျာ...VIPအခန်းဌားပြီး...ဒီကိုလာနေတော့....ငွေကုန်တာပေါ့...ရိုးရိုးအခန်းလဲရ ရဲ့သားနဲ့.... "

"ဟား....VIPအခန်းဌားမှ...မင်းနဲ့တွေ့ခွင့်ရမှာပေါ့ဒီမို"

ရယ်သံနှောသည့်စကားအဆုံး ဒီမို့ရင်တွေခုန်လာသည် ။ အလိုလိုနေရင်းကို တဒိတ်ဒိတ်ခုန်နေခြင်းမျိုး ။ ဒီမိုအနောက်ကို အနည်းငယ်ဆုတ်လိုက်သည် ။

"ခင်ဗျားပိုက်ဆံတွေအလကားရနေတာလားဗျာ....."

ဒီမို့စကားကြောင့် ဇွဲမာန်ပိုင်ရယ်ပြန်သည် ။ ဖြူဖွေးတောက်ပြောင်သည့် ပုလဲတန်းလေးများညီညာစွာပေါ်လာသည်အထိ ။

ပန်းရိုင်း (Completed) Where stories live. Discover now