အပိုင်း ၄

Začít od začátku
                                    

"ဟုတ်ကဲ့...boss.... ညီမလေး လိုက်ခဲ့နော်..."

မဝါက ရွှေရုပ်ကို အလုပ်အကြောင်း အတော်ကြာ ပြောပြသည်...သူက တော်တော်ကြီးကို အောင်မြင်နေတဲ့fashion brandတစ်ခုကို ဦးစီးနေတာဖြစ်သည်...ရွှေရုပ် ကျေနပ်သွားသည်...ဒါ သူ့ကို ကိုယ်အမြဲ ဖြစ်စေချင်ခဲ့တဲ့ ဘဝပဲ...ဒါ့အပြင် ကိုယ်တက်ခဲ့ရတဲ့ မျိုးစုံသော ဒီဇိုင်နာသင်တန်းတွေကိုလဲ သတိရမိသွားသည်...

"ဝါဝါ...လာဦး..."

မဝါက အခန်းထဲ ပြန်ဝင်သွားတယ်... ခုမှပဲ ရွှေရုပ် အပြင်ဘက်ကို ဝေ့ဝဲကြည့်မိသည်...စိတ်ဝင်တစား စူးစမ်းနေကြတဲ့ မျက်လုံးတွေကို မြင်လိုက်တော့ ခေါင်းကို အလိုလို ပြန်ငုံ့လိုက်မိတယ်...ရွှေရုပ်က လူတအားကြောက်တတ်တယ်...

ခဏကြာတော့ သူရော မဝါရော အပြင်ထွက်သွားကြတယ်...

ပေးထားခဲ့တဲ့အလုပ်တွေကိုပဲ စိတ်ဝင်တစား ကြည့်နေရင်း အနားက လူတွေ လှုပ်လှုပ်ရှားရှား ဖြစ်လာမှပဲ နာရီကို ကြည့်မိတော့သည်...နေ့လည်စာစားချိန်တောင် ရောက်ပြီပဲ... ပေါင်မုန့်တစ်ချပ်နဲ့ တင်းတိမ်ခဲ့ရတဲ့ ဗိုက်က ဆာလာတယ်...သူပြန်မလာသေးဘူး....

"ဟိတ်..."

မျက်နှာရှေ့လာရပ်ကာ သေချာပြုံးပြနေတဲ့ ကောင်လေးကို ရွှေရုပ်မော့ကြည့်လိုက်တယ်...

"နင် ထမင်းသွားမစားဘူးလား..."

"ဟင်..."

"ဒီမှာ ဝန်ထမ်းတွေအတွက် canteenရှိတယ်လေ...အားလုံးအဲမှာပဲ သွားစားကြတာ...နင်က အသစ်ဆိုတော့ မသိမှာစိုးလို့ ငါလာပြောပြတာ..."

သေချာရှင်းပြနေတဲ့ကောင်လေးကို ကြည့်ပြီး ရွှေရုပ်ရင်းနှီးစိတ်ဝင်လာသည်...

"အင်း...ငါမသိဘူး..."

"ဒါဆို ငါ့နဲ့ လိုက်ခဲ့လေ...ထမင်းတူတူစားရအောင်..."

ဗိုက်ကလဲ တအားဆာနေပြီ...မဝါတို့ကလဲ ပြန်လာမယ့်ပုံမရှိတာကြောင့် ရွှေရုပ်လိုက်သွားဖို့ ဆုံးဖြတ်လိုက်သည်...ကိုယ့်ဗိုက်တော့ ကိုယ့်ဟာကိုယ် ရှင်းရမည်မဟုတ်လား...

"အင်း ငါလိုက်ခဲ့မယ်နော်..."

"အေး...လာခဲ့..."

ရွှေရုပ်Kde žijí příběhy. Začni objevovat