ဈာန်ဦးထိုက်က သူ၏ယောက်ျားပေါက်စနှင့်သားလေးတွေကိုစိတ်ပူသဖြင့် ဈာန်ရှားကိုမေးလိုက်ခြင်းဖြစ်၏။

"ယောက်ဖလေးလဲ ကျန်းမာတယ်.. အကောင်ပေါက်တွေကလဲ သန်မာလိုက်တာမှ ငိုတာအာပြဲနေတာပဲ ကိုကိုကြီးရေ.. သုံးယောက်တခါထဲမွေးတယ်ဆိုပေမယ့် သေးသေးလေးတွေမဟုတ်ဖူးဗျ ထွားထွားကြိုင်းကြိုင်းကြီးတွေဗျာ ချစ်ဖို့ကောင်းလိုက်တာ လွန်ရော..."

"ငါ ငါ တွေ့ချင်လိုက်တာကွာ..."

"ဟုတ်ပ့ မြေးလေးတွေကို တွေ့ချင်နေပြီ..."

"အကုန်ဝမ်းသာအောင် လာပြောပြတာ.. ကျွန်တော်ပြန်ဝင်လိုက်ဦးမယ်... ပြီးရင်ယောက်ဖလေးနဲ့တူလေးတွေကို ရိုးရိုးလူနာဆောင်ကို ပြောင်းလို့ရပြီ.."

ဈာန်ရှားက ပြောပြီးခွဲခန်းထဲပြန်ဝင်သွားမှ အားလုံးစိတ်အေးသွားရသည်... ။မိနစ်အနည်းငယ်ကြာတော့ ရှိုင်းမာန်ခကို ရိုးရိုးလူနာဆောင်သို့ပြောင်းကာ ကလေးသုံးယောက်ကို ပုခက်လေးသုံးခုနှင့်ထည့်ထားလေသည်... ။

"ကလေးလေး ဘယ်လိုနေသေးလဲ အရမ်းနာနေလားဟင်..."

ကလေးမွေးထားသည့်အရှိန်ကြောင့် မျက်နှာလေးဖြူဖျော့နေကာ ကုတင်ပေါ်တွင်မှိန်းနေသော ယောက်ျားပေါက်စ၏ ဆံပင်လေးတွေကို သပ်တင်ပေးရင်း ဈာန်ဦးထိုက်က မေးလိုက်တော့ ကလေးငယ်ဟာ မျက်လုံးလေးပွင့်လာသည်...။

"နဲနဲပဲနာတော့တယ် လူကြီးရဲ့... စိတ်မပူနဲ့နော် ကျွန်တော်အဆင်ပြေပါတယ်..."

ဖျော့တော့စွာပြုံး၍ပြောလေသော ယောက်ျားပေါက်စရဲ့ နဖူးပြေပြေလေးအား ဈာန်ဦးထိုက် ငုံ့နမ်းလိုက်သည်...။

"မြေးလေးတွေကချစ်ဖို့ကောင်းလိုက်တာတော်..."

"ဟုတ်ပ​့မာမီရယ် သမီးရဲ့ တူလေးတွေက တစ်တုံးတခဲကြီးတွေတော် အသည်းယားလိုက်တာ..."

"မြေးလေးတွေက သခင်လေးဈာန်ဦးထိုက်နဲ့ပိုတူတယ်"

ပုခက်ထဲက ကလေးသုံးယောက်ကိုကြည့်ကာ တယောက်တပေါက်ပြော၍ အချစ်ပိုနေသော မိဘများနှင့် ညီမဖြစ်သူကိုကြည့်ကာ ဈာန်ဦးထိုက် ပြုံးလိုက်မိသည်....။

You've reached the end of published parts.

⏰ Last updated: Sep 20, 2022 ⏰

Add this story to your Library to get notified about new parts!

ဦးရဲ့ချစ်လှစွာသောခင်ပွန်း (Z+U)(Complete)Where stories live. Discover now