"Babyလေးမနက်ကဘာတွေဖြစ်ခဲ့လဲမှတ်မိလား"

"အင်း..မှတ်မိတယ်လေ..ကိုကိုနဲ့တူတူချယ်ရီဥယျာဥ်ကိုသွားတယ်မမDiarနဲ့တောင်တွေ့ခဲ့သေးတယ်လေပြီးတော့ပြန်လာတယ်ကိုကိုကBabyအိပ်မပျော်လို့ဆိုပြီးချော့သိပ်တယ်..အဲ့တာပဲလေဘာလို့မမှတ်မိရမှာလဲ"

"ကိုကိုကBabyလေးညဏ်ဘယ်လောက်ကောင်းလဲစမ်းကြည့်တာ...ဘယ်ဆိုးလို့လဲကိုကို့Babyလေးကလူတော်လေးပဲ"

"ဟီး...ကိုကို့Babyလေးပဲဟာ..ဒါနဲ့ကိုကိုဘယ်နှစ်နာရီရှိပြီလဲဟင်..."

VEEသွေးခွက်ကိုစားပွဲပေါ်တင်နေတုန်းVaselလေးရဲ့အမေးကြောင့်လက်ကနာရီကိုကြည့်လိုက်တော့ဆယ့်နှစ်နာရီထိုးဖို့တစ်မိနစ်အလို

"ဟင်း~~ကိုကိုအမုန်းဆုံးအချိန်ကိုရောက်တော့မယ်Baby...ကိုကိုအသုံးမကျလို့ Babyလေးနာကျင်ရတော့မယ်..ကိုကို..ကိုကို..ဟား.."

VEEပြောနေရင်းရင်ထဲစို့နင့်လာပြီးအရမ်းငိုချင်လာမိသည်။ဒါပေမဲ့Babyရှေ့မှာမျက်ရည်ကျလိုက်မိရင်သူလေးစိတ်မကောင်းဖြစ်သွားမှာသိတဲ့အတွက် မျက်ရည်မကျမိအောင်စိတ်ကိုထိန်းနေရသည်။

"မဟုတ်တာပဲ..ကိုကို့အမှားကြောင့်မဟုတ်ပါဘူး..အမှန်ဆိုBabyကကိုကို့ကိုကြက်သွန်ဖြူကျွေးမိသွားလို့လေ..Babyသာမကျွေးလိုက်ရင်ကိုကိုလည်းနာကျင်ခဲ့ရမှာမဟုတ်ဘူး...အားလုံးBabyအမှားပါ"

ပြောနေရင်းအသံတိုးဝင်လာပြီးခေါင်းလေးငုံ့သွားတာကြောင့် VEEပြာပြာသလဲဖြစ်သွားရလေသည်။

"မဟုတ်ဘူးBaby...ကိုယ့်ကိုယ်ကိုအပြစ်မတင်နဲ့...ဘယ်လိုကိစ္စတွေပဲဖြစ်ဖြစ်ကိုကို့အတွက်တော့Babyလေးကဘယ်တော့မှမမှားဘူး...ဘယ်သူ့မှလည်းBabyလေးကိုမှားတယ်လို့ပြောရဲမှာမဟုတ်ဘူး...ဘာလို့လဲဆိုတော့သူတို့မှာအသက်တစ်ချောင်းအပိုပါမလာလို့"

"Babyအတွက်လည်းကိုကိုကအမြဲမှန်တာမို့...ကိုယ့်ကိုယ်ကိုအပြစ်မတင်ကြရအောင်နော်...ကိုကိုပြောဖူးတဲ့အတိုင်း..ဘယ်လိုကိစ္စတွေပဲဖြစ်လာဖြစ်လာBabyတို့လက်တွေတွဲထားပြီးအကုန်ဖျက်ကျော်ကြမယ်လေ...နော်"

"အင်း...ကိုကို့လက်ကိုဘယ်တော့မှမလွှတ်နဲ့နော်...လာကျောက်တိုင်ရှေ့သွားကြမယ်..ကိုကိုပွေ့မယ်"

The little king of the vampireWhere stories live. Discover now