အခန်း (၁) : နိဒါန်း

Start from the beginning
                                    

သုံးလောကအား ဖန်ဆင်းသည့်နေ့တွင် ဘိုးဘေးနတ်ဘုရား၏ ကောင်းမှုကုသိုလ်တော်တို့ ပြည့်ဝသွားပြီး နတ်ဘုရားအဖြစ်မှ နတ္ထိအဖြစ်သို့ ကူးပြောင်းကာ သုံးလောကနှင့် ပေါင်းစပ်သွားချေတော့သည်။ ထိုအချိန်မှစ၍ ဘိုးဘေးနတ်ဘုရားအမိန့်တော်အောက်ရှိ အမှန်တရားနတ်ဘုရားလေးပါးဖြစ်သော ရှန့်ကူကျစ်ယန်ထျန်းချီနှင့် ပိုင်ကျွယ်တို့သည် ရှေးဟောင်းနတ်ဘုရားများ၏ အုပ်ချုပ်သူများ ဖြစ်လာကြသည်။ ရှန့်ကူသည် နတ်ဘုရားမ ဖြစ်သော်လည်း ဘိုးဘေးနတ်ဘုရားထံမှ အမွေဆက်ခံခွင့်ရခဲ့သောကြောင့် အမြင့်မြတ်ဆုံးဖြစ်သည်။

အမှန်တရားနတ်ဘုရားလေးပါးတို့တွင် ထူးခြားသောစွမ်းအားများရှိပြီး သုံးလောကကို လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိသည်။ နှစ်ထောင်ပေါင်းများစွာကြာပြီးနောက် ကိုးစီရင်စုမှာ ဖြည်းဖြည်းချင်း ပုံပေါ်လာသည်။ မမျှော်လင့်ဘဲ နှစ်တစ်ထောင်ကြာပြီးနောက် လောကကြီးတွင် နတ်ဆိုးများ ဒုတိယအကြိမ် ထွက်ပေါ်လာခဲ့သည်။ ဆင်းရဲဒုက္ခကပ်ဘေးကျရောက်လာတော့ အမှန်တရားနတ်ဘုရားပါးတို့သည် ကပ်ဘေးကို ရင်ဆိုင်တိုက်ခိုက်ရန် အတူတကွ ပူးပေါင်းခဲ့ကြသည်။ သုံးလောကကို ကာကွယ်ရန် အမှန်တရားနတ်ဘုရားတို့သည် သူတို့၏ နတ်ဘုရားအသွင်ကို ဆုံးရှုံးကာ ဘိုးဘေးနတ်ဘုရားကဲ့သို့ နတ္ထိဖြစ်သွားပြီး သေမျိုးလောကသို့ ကျသွားခဲ့သော သူတို့၏ လက်နက်များသာလျှင် ကျန်ခဲ့လေသည်။ ကပ်ဘေးအတွင်း တိုက်ခိုက်ခဲ့ကြသော ရှေးဟောင်းနတ်ဘုရားများကြားတွင် သုံးပါးသာ ကျန်ရစ်လေသည်။

ထိုအချိန်မှစ၍ ရှေးဟောင်းနတ်ဘုရားများ ပျောက်ကွယ်သွားပြီး သုံးလောကအထက်တွင်ရှိသော ရှေးဟောင်းနတ်ဘုရားများ၏ လောကဘုံသည်လည်း ဘယ်သောအခါမှ မဖွင့်လှစ်နိုင်တော့ပဲ ချိပ်ပိတ်သွားတော့သည်။ ရှေးဟောင်းဘုံခေတ် ကုန်ဆုံးသွားကာ သုံးလောကနှင့် ကိုးစီရင်စုတို့က ရှေးဟောင်းခေတ်နှောင်းပိုင်းကာလအတွင်းသို့ ဝင်ရောက်သွားတော့သည်။

ကပ်ဘေးအတွင်း အသက်ရှင်ခဲ့သော နတ်ဘုရားသုံးပါးမှာ ကောင်ကင်ကိုးထပ်၏ ကောင်းကင်ဘုံမင်းတရားကြီး၊ နတ်ဘုရားမဝူဟွမ့်နှင့် ချီလျန်တောင်ရှိ ချင်းချစ်နန်းတော်မှ နတ်ဘုရားကူကျွင်းတို့ ဖြစ်လေသည်။ ကောင်းကင်မင်းတရားကြီး၏ မူလရုပ်သွင်မှာ ခြေသည်းငါးချောင်းရှိသော ရွှေနဂါးဖြစ်ပြီး နတ်ဘုရားမဝူဟွမ့်မှာ ဇာမဏီမျိုးနွယ်ဆက်ခံသူဖြစ်ကာ နတ်ဘုရားကူကျွင်းမှာ ရှေးဟောင်းရေနဂါးဖြစ်သည်။ သူတို့သုံးယောက်လုံးမှာ ရှေးဟောင်းနတ်သားရဲများမှ အသွင်ပြောင်းလာခြင်းဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Oct 07, 2021 ⏰

Add this story to your Library to get notified about new parts!

ရှေးဟောင်း နတ်ဘုရားWhere stories live. Discover now