လှလွန်းလို့ Oh ရုတ်တရတ်ငြိမ်ပြီးငေးကြည့်နေမိသည်။
လာပို့တဲ့သူက သူ့မျက်နှာကိုနှင်းဆီပန်းနဲ့ကွယ်ထားတော့ ဘယ်သူမှန်းမသိပေမယ့် ဝတ်စားထားပုံအရ Deliveryသမားတစ်ယောက်ပဲဖြစ်မယ်...
Shootingကြောင့်မအားလို့ Deliveryနဲ့ Tehပို့ခိုင်းလိုက်တာပဲနေမယ်လိူ့ Ohတွေးပြီးပြုံးလိုက်မိသည်။

"ဘယ်သူကပို့လိုက်တာလဲမသိဘူးဗျ"

နှင်းဆီပန်းကိုင်ထားတဲ့သူကချက်ချင်းမဖြေဘဲငြိမ်နေတော့ Ohသံသယဝင်လာသည်။
နှင်းဆီပန်းစည်းကိုOhလက်နဲ့အသာအယာဖယ်လိုက်တော့ ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထားတဲ့ထိုသူက မျက်နှာကိုငုံ့ထားတာမို့ Ohသူ့မျက်နှာကိုမမြင်ရဘူး။

ထိုသူက ပြီးမှဦးထုပ်လျှာကိုလက်နဲ့ကိုင်ပြီး တဖြည်းဖြည်းမျက်နှာမော့လာသည်။
ဦးထုပ်လုံးဝချွတ်ပြီးချိန်မှာတော့ Delivery Man ဟန်ဆောင်ထားတဲ့ Tehက Ohကိုပြုံးပြီးကြည့်နေလေသည်။

"ဟင်...Teh!မင်းဘယ်လိုလုပ်..."

"ရှူး..."
Tehက လက်ညှိုးကိုနှုတ်ခမ်းနားကပ်ပြီး ပတ်ဝန်းကျင်ကိုဟိူကြည့်ဒီကြည့်ကြည့်လိုက်ပြီးမှ Ohကိုဖက်ပြီးအိမ်ထဲဝင်လိုက်သည်။

"လွမ်းလိုက်တာ Ohရယ်"

"ဘယ်လိုဖြစ်ပြီး Delivery Man ဝတ်စုံဝတ်ထားရတာလဲ Teh"

"ငါ့ကို Teh မှန်း မသိကြအောင်လို့ပေါ့...ကိုယ့်ချစ်သူဆီကိုလာတာ လွတ်လွတ်လပ်လပ်လာချင်လို့လေ"

"ဟမ် ဒါဆို ရိုက်ကွင်းကရော"

"ငါရိုက်ရမယ့်အပိုင်းကို မြန်မြန်လက်စသတ်ပြီး ဒါရိုက်တာကမဆွဲထားခင် P'Chompoo ကိုပြောပြီးမြန်မြန်လစ်ထွက်လာခဲ့တာ၊ဒီနေ့တစ်ရက်တော့ မင်း နဲ့တူတူရှိချင်လို့ ... ကြားရက်တွေကျ  မင်းကအလုပ်သွားနေရတာမဟုတ်လား"

မင်းနဲ့တူတူရှိချင်တယ်ဆိုတဲ့ စကားလေး‌ကြောင့် Ohသဘောကျစွာပြုံးမိသည်။

"ပန်းစည်းကရော ဘာလို့ယူလာတာလဲ"

Ohရဲ့မေးခွန်းကြောင့် Tehကစိတ်ဆိုးသွားသည့်မျက်နှာနှင့်
"ဘာလဲ ဒီနေ့ငါတို့ပြန်တွဲကြတာတစ်လပြည့်ပြီဆိုတာကိုမေ့နေတာလား"

Continuation of TehOh's Love Story 🌺🌻Where stories live. Discover now