Unicode 🌺

348 37 18
                                    

"တီတီ...တီတီ...တီတီ...တီတီ.."

အိပ်ရာဘေးကထိုင်ခုံလေးပေါ်တွင်တင်ထားသည့် Digital နာရီလေးက 7:00 amလို့ပြနေသည်။ နာရီ Alarmမြည်နေပေမယ့် ပိတ်မယ့်သူမရှိ...

Ohaew တစ်ယောက် Alarm မမြည်ခင်အစောကြီးကတည်းကထကာ မီးဖိုခန်းထဲရောက်နှင့်နေပြီဖြစ်သည်။
မားSui ဆီက Hokkien Mee လုပ်နည်းသင်ထားပြီး Tehကို ပြန်လုပ်ကျွေးမယ်ဆိုသည့် စိတ်ကူးကို အကောင်အထည်ဖော်ဖို့ကြိုးပမ်းနေခြင်းပင်။

လုပ်လိုက်၊ကိုယ့်ဘာသာမြည်းကြည့်လိုက်၊ စိတ်တိုင်းမကျလိုက် ၊ ပြန်ပြင်လိုက်နဲ့ တစ်ယောက်တည်းအလုပ်တွေရှုပ်နေလို့ပေါ့ ။

" အဆင်မပြေသေးဘူး ဟူး"

အရသာကို စိတ်တိုင်းမကျတိုင်း လွှင့်ပစ်ပြီး ခဏခဏအသစ်ပြန်လုပ်နေမိသည်။ Tehအတွက်ဆို အရသာအကောင်းဆုံး Hokkien Meeကိုလုပ်ကျွေးချင်သည်လေ။
သတိရလို့အချိန်ကိုမော့ကြည့်တော့ 8:30am...
ဒီအချိန်ဆို Tehရိုက်ကွင်းကို ရောက်နေလောက်ပြီ။
Hokkien Meeကိုမြန်မြန်အပြီးသတ်ပြီး Teh မနက်စာစားဖို့အတွက် အချိန်မီသွားပို့သငိ့ပြီမဟုတ်လား။

Tehရဲ့ရိုက်ကွင်းကို Ohလိုက်သွားရင် Fanတွေအာရုံစိုက်ခံရပြီး Teh အနှောင့်အယှက်ဖြစ်မှာတော့ ကြောက်မိပေမယ့် မျက်နှာကိုသေချာမမြင်အောင် Maskတပ်၊ ဦးထုပ်ဆောင်းပြီးခဏလောက်သွားရင်တော့ ဘာမှမဖြစ်လောက်ဘူးလို့ Ohတွေးထားသည်။ Shootingတွေနဲ့အလုပ်ရှုပ်နေလို့ မတွေ့တာကြာတဲ့ Tehရဲ့မျက်နှာကိုခဏလောက်တော့တွေ့ချင်သည်လေ...

"Okay! အရသာအဆင်ပြေသွားပြီ"

Hokkien Meeထည့်ဖို့ထမင်းဘူးလှလှလေးကို သေချာဆေးလိုက်သည်။

"တင်း​ေတာင်...တင်းတောင်"

Hokkien Meeကိုမြန်မြန်ထည့်ပြီး ရိုက်ကွင်းကိုအမှီသွားဖို့က Ohအတွက်အရေးကြီးနေပါသည်ဆိုကာမှ
တံခါးဝကလူခေါ်ဘဲလ်က အသံမြည်လာသည်။

"သွားစရာရှိပါတယ်ဆိုမှ
ဘယ်သူလာတာလဲမသိဘူး"

Ohလက်မြန်မြန်ဆေးကာ လုပ်လက်စအလုပ်ကိုခဏထားပြီး ခပ်မြန်မြန်ပဲ အိမ်ရှေ့တံခါးကိုဖွင့်ပေးလိုက်သည်။
တံခါးဖွင့်ဖွင့်ချင်း တန်းတွေ့လိုက်ရတာက Ohရဲ့ရှေ့တည့်တည့်မှာနေရာယူထားတဲ့ နှင်းဆီပန်းစည်းလှလှလေး...။

Continuation of TehOh's Love Story 🌺🌻Where stories live. Discover now