Part 3

9.7K 1.1K 79
                                    

Unicode

အဖြူရောင်လို အရောင်နုနုကိုသာ အလှဆင်ထားတဲ့ နှစ်ထပ်တိုက်ကြီးက နန်းတော်ကြီးအလား ခမ်းနားလွန်းပါပေတယ်။ မျက်နှာကြက်မှ ချိတ်ဆွဲထားတဲ့ မီးပန်းဆွဲတွေက အတော်ဆုံးဗိသုကာပညာရှင်ကို ပြင်ဆင်ခိုင်းထားတဲ့ လက်ရာ..တစ်အိမ်လုံးကို အဖြူရောင်သာ ဆင်ယင်ထားတဲ့ ဒီလူက အဖြူကို သိပ်သဘောကျလွန်းတဲ့ Kim Taehyung..

အပေါ်ထပ်မှ တစ်ထစ်ချင်း လှေကားအတိုင်းဆင်းလာတဲ့သူက အောက်ပိုင်းကိုသာ အဖြူရောင် towel တစ်ထည်ပတ်ထားတယ်။ ကြွက်သားအပြည့်နဲ့ သန်မာတဲ့ ခန္ဓာကိုယ်က omega တစ်ယောက်အတွက် ရဖို့ ခက်ခဲပင်မယ့် အဆီအပိုအလိုမရှိ ကျစ်လစ်နေတဲ့ သွယ်လျတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ သူကတော့ ဆွဲဆောင်အားကောင်းလွန်းတဲ့ omega အလှလေး...

အပေါ်ထပ်မှ တစ်ထစ်ချင်း လှေကားအတိုင်းဆင်းလာတဲ့သူက အောက်ပိုင်းကိုသာ အဖြူရောင် towel တစ်ထည်ပတ်ထားတယ်။ ကြွက်သားအပြည့်နဲ့ သန်မာတဲ့ ခန္ဓာကိုယ်က omega တစ်ယောက်အတွက် ရဖို့ ခက်ခဲပင်မယ့် အဆီအပိုအလိုမရှိ ကျစ်လစ်နေတဲ့ သွယ်လျတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


တစ်လှမ်းချင်းဆီ ဖြည်းဖြည်းချင်းလျှောက်လှမ်းလာတဲ့သူက အိမ်ကြီးရဲ့ အောက်ထပ်က အဖြူရောင်ရေကူးကန်ဆီ ဦးတည်တယ်။ Omega တစ်ယောက်အတွက် လူသူအသွားအလာနည်းတဲ့ ရပ်ကွက်မှာ တစ်ယောက်တည်း နေတာဟာ အန္တရာယ်များပင်မယ့် လွတ်လပ်မှုကို မြတ်နိုးတဲ့သူကတော့ တစ်ခါတစ်လေ ထိုအိမ်ကြီးကို လာကာ တစ်ယောက်တည်း အနားယူတတ်တယ်..တစ်ပတ်မှာ တနင်္ဂနွေတစ်ရက်တည်းသာ အလုပ်သမားတွေလာပြီး အိမ်ကိုရှင်းပေးလေ့ရှိတယ်..

Towel လေးကို ဖြုတ်ကာ ဘေးက ထိုင်ခုံဖြူဖြူ‌ ပေါ်တင်လိုက်တဲ့သူ..ဘောင်းဘီတို‌လေးတစ်ထည်နဲ့ သွယ်လျလွန်းတဲ့ ပေါင်တံတွေက မိန်းကလေး omega တွေတောင် လှလွန်းလို့ အရှုံးပေးရနိုင်တယ်..လေးထစ်လောက်သာရှိနဲ့ လှေကားအတိုင်း နူးညံ့စွာဆင်းလာတဲ့သူ..လူတိုင်းမမြင်ရတဲ့ သူရဲ့တစ်ဘက်ခြမ်းက နူးညံ့လွန်းတယ်..ပန်းပွင့်လေးတွေကိုတောင် ပွင့်ဖတ်ကြွေမှာစိုးလို့ တကယ်ကို နူးနူးရွရွလေး ကိုင်တတ်တဲ့သူ..

A Villain Omega : Parallel World [Completed]Where stories live. Discover now